ဖိုင်များ › အချက်အလက်ဆုံးရှုံးမှုမှ ပြန်လည်ရယူရန်နှင့် အရန်သိမ်းဆည်းရန်

အချက်အလက်ဆုံးရှုံးမှုမှ ပြန်လည်ရယူရန်နှင့် အရန်သိမ်းဆည်းရန်

Reviewed 27 May 2026

ဒစ်ဂျယ်တယ် လုံခြုံရေး ထောက်ပံ ပေးသူများ ကြားတွင်: "ဒေတာသည် အကယ်၍ ဆုံးရှုံး မည်လော မဟုတ်၊ _ မည်သည့်အခါတွင်_ ဆုံးရှုံးမည်နည်း ကို တွေးတောရမည်" ဟု ဆိုရိုးရှိသည့်အတိုင်း သင့်စက့်ပစ္စည်း အခိုးခံရခြင်း သိမ်းခံရခြင်း ပျက်စီးခံရခြင်းဖြစ်ပါက သင်၏ အရေးကြီးသော အချက်အလက်များ သည် ကြိုတင်ပြင်ဆင်မှု မရှိပါက ဆုံးရှုံး နိုင်ပါသည်။ တစ်နည်းအားဖြင့် အချက်အလက် ဆုံးရှုံးနိုင်မှုကို ကြိုတွင် တွက်ဆ ပြီး ကြိုတင်စီစဉ်ခြင်းက သင့်ဆုံးရှုံးမှုကို လျှော့ချနိုင်သည်။ ကြိုတင်စီစဉ်ရန် အောက်ပါ အဆင့်များကို လုပ်ဆောင်ပါ သို့မဟုတ် စဉ်းစားပါ။

အရံ အ‌ရေးပေါ် အစီအမံ တစ်ခု ဖန်တီးပါ

အရံ အစီအမံ ဖန်တီးရန် အောက်ပါ လမ်းညွှန်ချက်အတိုင်း လေ့လာပါ:

သင့်အချက်အလက်များကို စုစည်းပါ

သင် အရံသိမ်းယူခြင်းမပြုလုပ်ခင် သင်သိမ်းဆည်းရန် ရည်ရွယ်ထားသည့် ဖိုင်များအား "Documents" သို့မဟုတ် "My Document" ဖိုင်တွဲအတွင်းကဲ့သို့ နေရာတစ်ခုတည်းတွင် ရွေ့ပြောင်း၍ ဖိုင်တွဲတစ်ခုထဲ အနေဖြင့် စီမံပါ။

သင်၏ အချက်အလက်များ မည်သည့်နေရာ တွင် မည်သည်အချက်အလက်များ ရှိသည်ကို သေချာစွာ ဆန်းစစ်ပါ

အရံသိမ်းဆည်းသည့်အစီအမံ တစ်ခုပြုလုပ်ရန် ပထမအဆင့်မှာ သင်၏ကိုယ်ရေးကိုယ်တာနှင့် အလုပ်အချက်အလက် လက်ရှိတည်ရှိနေသည့်နေရာကို အကြမ်းအားဖြင့်ပုံဖေါ်ရန်ဖြစ်သည်။ ဥပမာအားဖြင့် သင့်အီးမေးလ်သည် သင့်အီးမေးလ်ဝန်ဆောင်မှုပေးသူ၏ဆာဗာတွင် ရှိနိုသည့်၊ ထို့အတူ သင့်ကိုယ်ပိုင်ကွန်ပျူတာပေါ်တွင်လည်း ရှိနိုင်သည်၊ သို့မဟုတ် နေရာနှစ်ခုစလုံးတွင် တစ်ပြိုင်နက်သိမ်းဆည်းထားနိုင်သည်။ ထို့အပြင် ဖြစ်နိုင်သည်မှာ သင့်တွင် အီးမေးလ်အကောင့်ပေါင်းများစွာ ရှိနိုင်သေးသည်။

အရေးကြီးသော စာရွက်စာတမ်းများ - ဥပမာအားဖြင့် word စာရွက်စာတမ်းများ ၊ တင်ပြချက်များ ၊ စာရင်းဇယားများ စသည်တို့ သည် ရုံးသို့မဟုတ် အိမ်တွင် အသုံးပြုသည့် ကွန်ပျူတာများတွင် ရှိနိုင်သည်။ သင်ကွန်ပျူတာနှင့် သင့်မိုဘိုင်းစက်ပစ္စည်းများတွင် လည်း ထိရှလွယ်သည်ဟုပြော၍ ရနိုင်သော သင်၏ ဆက်သွယ်မှုစာရင်းများ ၊ စကားပြောထားသော မှတ်တမ်းများ ၊ တကိုယ်ရည် ပရိုဂရမ် ပြင်ဆင်ချက်များကိုလည်း သိမ်းဆည်းထားသည်၊ ထိုအရာများသည်လည်း ထိရှလွယ်သော အချက်အလက်များဖြစ်သည်။

ယူအက်စ်ဘီ မက်မိုရီစတစ်များ၊ သယ်ဆောင်ရလွယ်ကူသော ဟာ့ဒ်ဒရိုက်ဗ်များနှင့် အခြားသော သိုလှောင်မှု မီဒီယာများကဲ့သို့ ဖြုတ်တပ်နိုင်သော မီဒီယာများတွင်လည်း အချက်အလက်အချို့ကို သင် သိမ်းဆည်းထားခြင်းမျိုး ရှိနိုင်ပါသည်။ အကယ်၍ သင့်တွင် ဝဘ်ဆိုက်တစ်ခု ရှိပါက ထိုပေါ်တွ္ငင် နှစ်ပေါင်းများစွာ လုပ်ဆောင်စုဆောင်းထားသည့် ဆောင်းပါးအစုအဝေး အမြောက်အမြား ပါဝင်နေနိုင်ပါသည်။ နောက်ဆုံးအနေဖြင့် စာရွက်မှတ်စုစာအုပ်များ၊ တရားဝင် စာရွက်စာတမ်းများ၊ နေ့စဉ်မှတ်တမ်းများ သို့မဟုတ် ပေးစာများကဲ့သို့သော ဒစ်ဂျစ်တယ်ပုံစံ မဟုတ်သည့် သင့်၏ အချက်အလက်များကိုလည်း မမေ့ပါနှင့်။

သင်၏ အချက်အလက်များကို သေချာစွာ ပုံဖေါ်နိုင်ရန် အချက်အလက်များ ထိန်သိမ်းခြင်းနှင့် စာရင်းပြုစုခြင်းဆိုင်ရာ အထွေထွေလုံခြုံရေးအကြံပြုချက်များ ကို လေ့လာနိုင်ပါသည်။

မည်သည်များမှာ မူရင်းကူးယူထားသည့် ပင်မ မိတ္တူ များဖြစ်ပြီး မည်သည်များမှာ နှစ်ခါ ပွားထပ်နေသည်များဖြစ်ကြောင်းကို ခွဲခြားစိတ်ဖြာပါ

သင့်ဖိုင်ကို အရန်ကူးယူသောအခါ ၃-၂-၁ စည်းကမ်းအသုံးပြုရန် အကြံပြုပါသည် - မည်သည့်အချက်အလက်ကိုမဆို အရံမိတ္တူထားရှိရာတွင် (၃) ခု အနည်းဆုံးပွားယူထားပြီး အနည်းဆုံး မတူညီ သည့် (၂) နေရာတွင် အနည်းဆုံး (၁) ခုစီ ပွားယူထားပါ။

အရံသိမ်းဆည်းခြင်း မပြုလုပ်ခြင်းခင် သင်စုစည်းပြီးသော ဖိုင်များထဲမှ မည်သည်မှာ 'ပင်မ မိတ္တူများ' ဖြစ်ပြီး၊ မည်သည်များမှာ နှစ်ခါ ပွားထပ်နေသည်များဖြစ်ကြောင်းကို ခွဲခြားစိတ်ဖြာပါ။ ပင်မ မိတ္တူများသည် ဖိုင်တစ်ခုချင်းစီ သို့မဟုတ် ဖိုင်တွဲစုစည်းထားမှုများ၏ နောက်ဆုံးပေါ်ဗားရှင်းဖြစ်သင့်သည် - ၎င်းသည် သင်အနေဖြင့် အကြောင်းအရာကို ပြင်ဆင်ရန် လိုအပ်ပါက သင် အမှန်တကယ် တည်းဖြတ်မည့် မိတ္တူဖြစ်သည်။ ၎င်းသည် မိတ္တူတစ်ခုတည်းသာ ပွားထားသည့်ဖိုင်များကို မသက်ဆိုင်သည်မှာ သိသာထင်ရှားသော်လည်း အချို့ အချက်အလက်များအတွက် ဤလုပ်ငန်းစဥ်သည် အလွန်အမင်း အရေးကြီးပါသည်။

ဖြစ်လေ့ရှိသည့် ပြဿနာမှာ သင်ကူးယူပြုစုထားသော အရေးကြီးသော အချက်အလက်များ ၏ နောက်ဆုံးဗားရှင်းဖြစ်သည့် ပင်မ မိတ္တူ အား ပွားယူခြင်းမပြုနိုင်မှီ ပင်မ မိတ္တူ ပျက်စီး/ပျေက်ဆုံး ဖက်ဆီးခံရခြင်းဖြစ်သည်။ ဥပမာအားဖြင့် သင် တစ်ပတ်တာ ခရီးသွားသည်ဆိုပါစို့ သင်၏ USB မန်မိုရီစတစ်တွင် အရေးကြီးသော စာရင်းဇယားများမိတ္တူကို ပြင်ဆင်သည်ဆိုပါစို့။ ထိုအနေအထားတွင် သင် ရုံးတွင် ကူးပြီးထားခဲ့သော အရံ မိတ္တူဖိုင်များထက် ပို၍ နောက်ဆုံး အခြေအနေထိ ပြင်ဆင်ထားပြီးဖြစ်သောကြောင့် ထို USB မန်မိုရီစတစ်ထဲမှ မိတ္တူကို သင်၏ ပင်မ မိတ္တူအဖြစ် စဉ်းစားသင့်သည်။

သင် ပင်မကူးယူထားသောမိတ္တူများနှင့် ပွားထားသော မိတ္တူများ၏ အချက်အလက်များကို ထားရှိထားသည့် တည်နေရာကို သတ်မှတ်ပြီး ချရေးထားပါ။ ထိုသို့ချရေးခြင်းသည် သင်၏ လိုအပ်ချက်ကို ပိုမိုရှင်းလင်းစေပြီး သင့်လျော်သော အရန်သိမ်းဆည်းသည့် မူဝါဒကို သတ်မှတ်ရန် အကူအညီပေးလိမ့်မည်။ အောက်တွင် ပြသထားသည့် ဇယားသည် အလွန်ကို အခြေခံကျသည့် ဥပမာဖြစ်သည် ။ သင့်စာရင်းမှာ ပိုမို ရှည်ကောင်းရှည်လိမ့်မည် ထို့အပြင် အခြားအချက်အလက် အမျိုးအစားများကိုလည်း မတူညီသော များစွာသော အချက်အလက်သိမ်းဆည်းနိုင်သည့် စက်ပစ္စည်းများတွင်ရှိနေနိုင်သည်။

ဒေတာအမျိုးအစားများ ပင်မ မိတ္တူ/ ပွားထားသော မိတ္တူ သိုမီးထားသော ကရီယာ နေရာ
သုတေသနဖိုင်များ ပင်မ မိတ္တူ ကွန်ပျူတာ hard drive ရုံး
လူ့အခွင့်အရေး ချိုးဖောက်ခြင်း စစ်ဆေးထားသည့် ဖိုင်များ အပွား USB မှတ်ဉာဏ်ချောင်း ကိုယ်နှင့် တစ်ပါထဲ
ပရိုဂရမ် ဒေတာဘေ့စ်များ (ဓါတ်ပုံများ ၊ လိပ်စာစာအုပ် ၊ ပြက္ခဒိန်များ စသဖြင့်။) ပင်မ မိတ္တူ ကွန်ပျူတာ hard drive ရုံး
မျှဝေထားသော တချို့ စာရွက်စာတမ်းများ အပွား ရုံးဆာဗာ ရုံး
အီလက်ထရောနစ် စာရွက်စာတမ်းအနည်းငယ်များ အပွား CD ဖြင့် ကူးထား အိမ်
အီးမေးလ်နှင့် အီးမေးလ်အဆက်အသွယ်များ ပင်မ မိတ္တူ ဂျီမေးလ်အကောင့် အင်တာနက်
စာသားမက်ဆေ့ချ်များနှင့် ဖုန်းအဆက်အသွယ်များ ပင်မ မိတ္တူ မိုဘိုင်းဖုန်း ကိုယ်နှင့် တစ်ပါထဲ
စာရင်းနှင့် စာရွက်စာတမ်းများ (စာချုပ်များ ၊ ငွေတောင်းခံလွှာများ စသဖြင့် ။ ) ပင်မ မိတ္တူ အံဆွဲ ရုံး

အထက်ဖော်ပြပါဇယားတွင် သင် တွေ့မြင်နိုင်သည်မှာ :

  • သင့် ရုံးကွန်ပျူတာ၏ hard drive ပျက်သွားပါက ရှင်သန်ကျန်ရစ်မည့် တစ်ခုတည်းသောစာရွက်စာတမ်းများမှာ သင်၏ USB မှတ်ဉာဏ်ချောင်း၊ ဆာဗာတွင် မျှဝေထားသောစာရွက်စာတမ်းများနှင့် အခြား သိမ်းဆည်းသည့် ကရီယာများ တွင်ဖြစ်သည်။
  • သင် စကားဝှက်ကို သင်မေ့ပါက (သို့မဟုတ် တစ်စုံတစ်ယောက်က ဖျက်လိုဖျက်ဆီးနည်းလမ်းဖြင့် ပြောင်းလဲနိုင်လိုက်ပါက) သင့်၏ လိပ်စာစာအုပ် သို့မဟုတ် အီးမေးလ်မျက်ဆေ့ချ်များ၏ အော့ဖ်လိုင်း မိတ္တူများ သင်တွင် မရှိပါ၊ ထိုအနေအထားတွင် သင် ထိုအကောင့်ကို ဝင်ရောက်သုံးစွဲခွင့် ဆုံးရှုံးမည်ဖြစ်သည်။
  • သင့်မိုဘိုင်းဖုန်းမှ မည်သည့်ဒေတာမှ ကူးယူထားခြင်းမရှိပါ။
  • သင့်တွင် ဒစ်ဂျစ်တယ် အားဖြင့် သို့မဟုတ် စာရွက်များအနေဖြင့် စာချုပ်များ သို့မဟုတ် ငွေတောင်းခံလွှာများကဲ့သို့ စာရွက်စာတမ်းများအတွက် မိတ္တူကူးယူထားခြင်းမရှိပါ။

ဤ အပိုင်းတွင် စစ်ဆေးရမည့် ဆောင်ရွက်ဖွယ်ရာများကို လိုက်နာပြီးသည့်နောက် အန္တရာယ် ဘေးဥပါဒ် ကျရောက်လာလျှင် သင့်အချက်အလက်များ ပို၍ ခံနိုင်ရည်ရှိရန် သင်၏ သိုလှောင်ရေးစက်ပစ္စည်းများ ၊ ဒေတာ အမျိုးအစားများ ၊ အရံ ကူးယူထား သည်များကို ပြန်လည် စီမံသင့်သည်။ ဥပမာအားဖြင့်:

ဒေတာအမျိုးအစား ပင်မ မိတ္တူ/အပွား သိုမှီးထားသော ကရီယာ နေရာ
အခွင့်အရေးချိုးဖောက်မှုများအကြောင်း သက်သေခံချက်များ ပင်မ မိတ္တူ ကွန်ပျူတာ hard drive ရုံး
အခွင့်အရေးချိုးဖောက်မှုများအကြောင်း သက်သေခံချက်များ အပွား USB မန်မိုရီ စတစ် အိမ်
သုတေသနဖိုင်များ ပင်မ မိတ္တူ ကွန်ပျူတာ hard drive ရုံး
သုတေသနဖိုင်များ အပွား USB မန်မိုရီ စတစ် ကိုယ်နှင့် တပါထဲ
ပရိုဂရမ် ဒေတာဘေ့စ်များ ပင်မ မိတ္တူ ကွန်ပျူတာ hard drive ရုံး
ပရိုဂရမ် ဒေတာဘေ့စ်များ အပွား External drive အိမ်
အီးမေးလ်နှင့် အီးမေးလ်အဆက်အသွယ်များ ပင်မ မိတ္တူ Gmail account အင်တာနက်ပေါ်တွင်
အီးမေးလ်နှင့် အီးမေးလ်အဆက်အသွယ်များ အပွား ရုံး ကွန်ပျူတာ ထဲမှ Thunderbird အက်ပလီကေးရှင်း ရုံး
စာသားမက်ဆေ့ချ်များနှင့် မိုဘိုင်းဖုန်းအဆက်အသွယ်များ ပင်မ မိတ္တူ ဖုန်းထဲ ကိုယ်နှင့် တပါထဲ
စာသားမက်ဆေ့ချ်များနှင့် မိုဘိုင်းဖုန်းအဆက်အသွယ်များ အပွား ကွန်ပျူတာ hard drive ရုံး
စာသားမက်ဆေ့ချ်များနှင့် မိုဘိုင်းဖုန်းအဆက်အသွယ်များ အပွား အရံ SD card အိမ်
ထုတ်ထားသော စာရွက်စာတမ်းများ ပင်မ မိတ္တူ အံဆွဲထဲ ရုံး
စကန်ထားသော စာရွက်စာတမ်းများ အပွား External drive အိမ်
စာရွက်စာတမ်းများအားလုံးကို အရန်သိမ်းဆည်းခြင်း အပွား ရုံး ဆာဗာ ရုံး

ဤ ဇယားအသစ်အရ အချက်အလက်များ၏ မိတ္တူ သုံးစုံရှိလိမ့်မည် - ကွန်ပျူတာများ ၊ ရုံးဆာဗာ နှင့် အိမ် ၊ နေရာ ၂ ခုနှင့် ရုံးပြင်ပတွင် အနည်းဆုံး မိတ္တူတစ်စောင် ပါရှိမည်။ ၃-၂-၁ စည်းမျဉ်း ပင်ဖြစ်သည်!

စာရင်း အထက်ပါအတိုင်း ပြုစု ဆောင်ရွက်ပြီးပါက အရံသိမ်းဆည်းကူးယူရန်အချိန်ရောက်ပြီဖြစ်သည်။

အရန်သိမ်းဆည်းရမည့် အချိန်ဇယား တစ်ခု သတ်မှတ်ပါ

အထက်တွင် ဖော်ပြထားသော ဒေတာအမျိုးအစားများ အားလုံးကို ဖိုင်ပွားသိမ်းဆည်းရန်အတွက် ဆော့ဖ်ဝဲလ်နှင့် လုပ်ငန်းစဉ်များကို ပေါင်းစပ်အသုံးပြုရန် လိုအပ်ပါလိမ့်မည်။ သင့်၏ စာရွက်စာတမ်းများသည် အမြဲတမ်း နောက်ဆုံးအခြေအနေ ဖြစ်နေစေရန် ပုံမှန် ဖိုင်ပွားသိမ်းဆည်းပါ။ သင့်၏ ဖိုင်ပွားသိမ်းဆည်းခြင်း အစီအစဉ်တွင် မည်မျှမကြာခဏ ဖိုင်ပွားသိမ်းဆည်းမည်ဟူသော အကြိမ်အရေအတွက်ကို အသေးစိတ် ဖော်ပြထားသင့်ပြီး ထိုအရာမှာ သင်ကိုင်တွယ်နေသည့် ဖိုင်အမျိုးအစားများအပေါ်တွင် မူတည်ပါလိမ့်မည်။ ဥပမာအားဖြင့် အကယ်၍ ဒေတာကို နေ့စဉ် ပြင်ဆင်မွမ်းမံနေရပါက အလုပ်လုပ်သည့် နေ့ရက်တစ်ခုစီ၏ အဆုံးတွင် ဖိုင်ပွားသိမ်းဆည်းခြင်းသည် ကောင်းမွန်သော အလေ့အကျင့်တစ်ခု ဖြစ်ပါသည်။ ပြင်ဆင်တည်းဖြတ်ထားသည့် အချက်အလက်များကိုသာ ဖိုင်ပွားသိမ်းဆည်းပေးသော တစ်ဆင့်ချင်းတိုး ဖိုင်ပွားသိမ်းဆည်းခြင်းများသည် လုပ်ငန်းစဉ်၏ ကြာမြင့်ချိန်ကို လျော့နည်းသက်သာစေပါသည်။

လုပ်ဖော်ကိုင်ဖက်များအတွက် လုပ်ငန်းစဉ်များ ချမှတ်ပါ

ရုံးတစ်ရုံးတွင် အသင်းအဖွဲ့အနေဖြင့် အလုပ်လုပ်နေပါက ယုံကြည်စိတ်ချစွာ နှင့် လုံခြုံစွာ အရံဖိုင်များအားအရန်သိမ်းဆည်းရန် လုပ်ပန်းစဉ်များကို ဝန်ထမ်း များအားလုံးအတွက် ပြုစုဤ မျှဝေပါ။ အချက်အလက်များ ဆုံးရှုံးသွားပါက ကြုံတွေ့ရနိုင်သည့် အခက်အခဲများနှင့် အန္တရာယ်များကို လုပ်ဖော်ကိုင်ဖက်များနှင့် ဆွေးနွေးပြီး အသင်းအဖွဲ့ တစ်ခုအနေဖြင့် အထက်ပါ ဇယားကဲ့သို့ ပြုစုခြင်းဖြင့် လည်း အထောက်အကူ ပြုနိုင်မည်ဖြစ်သည်။

ပျက်စီးသွားသော အချက်အလက်များကို ပြန်လည်ရယူနိုင်ရန် လေ့ကျင့်ပါ

သင် အရံသိမ်းဆည်းမှုပြုလုပ်ပြီးပါက ဖိုင်များကို ဖွင့်နည်းနှင့် ၎င်းတို့ကို ထပ်မံအသုံးပြုနိုင်ကြောင်း သေချာစေရန် စမ်းသပ်ပါ။ အဆုံးတွင်၊ ၎င်းသည် သင်အမှန်တကယ်ဂရုစိုက်ရမည်မှာ အရံသိမ်းဆည်းခြင်းလုပ်ငန်းစဉ်မဟုတ်ဘဲ ပြန်လည်ရယူသည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း သတိရပါ!

အခြား ထည့်သွင်းစဉ်းစားမှုများ

သင် ဖိုင်ပွားသိမ်းဆည်းခြင်း အစီအစဉ်တစ်ခုကို ပြုလုပ်သည့်အခါ ၎င်းကို ပိုမိုကျယ်ပြန့်သော ရှုထောင့်မှ စဉ်းစားတွေးခေါ်ပြီး သင့်ကိုယ်သင် "ကပ်ဘေးအန္တရာယ်တစ်ခု ကြုံတွေ့လာလျှင် မည်သို့ အလုပ်များကို ဆက်လက်လုပ်ဆောင်နိုင်မည်နည်း" ဟု မေးခွန်းထုတ်ပါ။ သင့်၏ အစီအစဉ်သည် သင့်ဖိုင်များအကြောင်း သက်သက်သာ မဟုတ်ဘဲ အောက်ပါတို့နှင့်လည်း သက်ဆိုင်သင့်ပါသည်:

  • သင်အသုံးပြုသော ဆော့ဝဲများ နှင့် ၎င်းတို့အတွက် လိုင်စင်များ၊
  • ပျက်စီး ပျောက်ဆုံး ထိန်းသိမ်းခံရ သော စက်ပစ္စည်းများအား အစားထိုးမည့် အစီအမံများ၊
  • အကြပ်အတည်းတစ်ခုဖြစ်နေစဉ်အတွင်း အလုပ်ဆက်လက်လုပ်ဆောင်နိုင်ရန် နေရာပြင်ဆင်ထားခြင်း.

ဤကဲ့သို့ အစီအမံများပြုလုပ်ရာ တွင် အရေးပေါ်ကိစ္စရပ်များအတွက် ပြန်လည်ထူထောင်ရေးအတွက် ငွေကြေးများ လျာထားရန်လည်း လိုအပ်သည်။ ဥပမာအားဖြင့် အဆိုပါ‌ငွေကြေးရရှိနိုင်ရန် ကို ထောက်ပံ့ကြေးအဖြစ် လျှောက်ထားခြင်း တို့ ပြုလုပ်သင့်သည်။

သင့်ဖိုင်များကို ဖိုင်ပွားသိမ်းဆည်းနည်း

သင် စက်အတွင်းရှိ စက်ပစ္စည်းများတွင် အရန်သိမ်းဆည်းရန်

အရံသိမ်းဆည်းရန် ရွေ့ပြောင်းရ လွယ်ကူသည့် သိမ်းဆည်းသည် စက်ပစ္စည်းများကို အသုံးပြုပါ။ External hard drive နှင့် USB မန်မိုရီ စတစ်များ ကို အသုံးပြုနိုင်သည်။

သင် အရံသိမ်းဆည်းရန် ဆုံးဖြတ်ထားသော ဖိုင်များတွင် ထိရှလွယ်များသော အချက်အလက်များ ပါရှိသောကြောင့် ဝှက်စာစနစ် ကိုအသုံးပြုပြီး အရံသိမ်းဆည်းထားသောဖိုင်များကို ကာကွယ်ရန် အရေးကြီးသည်။ ဤကဲ့သို့ ဝှက်စာစနစ်ဖြင့် ကာကွယ်နိုင်ရန် သင်၏ ကွန်ပျူတာတွင် ထိရှလွယ်သော ဖိုင်များကို မည်သို့ကာကွယ်သနည်း ကို လေ့လာနိုင်သည်။

လင်းနဇ်စ်

  • လင်းနက်စ် စနစ်ဖြန့်ချိမှု အများစုတွင် ဖိုင်ပွားသိမ်းဆည်းသည့် ကိရိယာတစ်ခု ပါဝင်ပါသည်။ Ubuntu တွင် Déjà Dup ဟုခေါ်သော အသင့်ပါဝင်သည့် ကိရိယာတစ်ခု ရှိပြီးပါတယ်။ Déjà Dup သည် သင့်၏ ဖိုင်များကို တစ်ဆင့်ချင်းတိုး ဖိုင်ပွားသိမ်းဆည်းရန်နှင့် ဝှက်စာစနစ်ပုံစံသို့ ပြောင်းပေးနိုင်ပါသည်။ ဤ Déjà Dup လမ်းညွှန်တွင် ကို လေ့လာနိုင်ပါသည်။

MacOS (မတ်အိုအက်စ်)

ဝင်းဒိုး

သင့် မိုဘိုင်းလ်ဖုန်းအားပြင်ပ drive တွင် အရံ သိမ်းဆည်းရန်

သင့် မိုဘိုင်းလ်ဖုန်းမှ သင်ကွန်ပျူတာသို့ အရံကူးယူသိမ်းဆည်းပြီးပါက သင်၏ နောက်ထပ်ပြုလုပ်ရမည့်အဆင့်သည် ပြင်ပ စက်ပစ္စည်းတစ်ခုတွင် အရန်သိမ်းဆည်းရမည်ဖြစ်သည်။ သင်၏ စက်ပစ္စည်းကို အလိုအလျောက် အရံသိမ်းဆည်းခြင်းပြုလုပ်ရန် ချိန်ထားပါ။

သင့် မိုဘိုင်းဖုန်းမှ အဆက်အသွယ်များ ၊ စာသားမက်ဆေ့ချ်များ ၊ ဆက်တင်များ နှင့် အခြားဒေတာများကို အရံသိမ်းဆည်းရန် ကွန်ပျူတာကို USB ကြိုးဖြင့် ချိတ်ဆက်နိုင်သည့်။ ဤကဲ့ သို့ ဆောင်ရွက်ရန် သင့်ဖုန်းကို ထုတ်လုပ်သော ကုမ္မဏီ၏ ဝက်ဘ်ဆိုဒ် မှ ဆော့ဝဲကို သွင်းရန် လိုအပ်နိုင်ကောင်းလိုအပ်နိုင်မည်။

အန်းဒရွိုက်

အိုင်အိုအက်စ်

အီးမေးလ်ကို အရံသိမ်းဆည်းပါ

သင့်အနေဖြင့် Thunderbird ကဲ့သို့ အီးမေးလ် အပလီကေးရှင်း များကို အသုံးပြုဤ သင့် စက်ပစ္စည်း များထဲတွင် အချက်အလက်များကို အရံသိမ်းဆည်းနိုင်သည်။ POP3 (ဆာဗာမှ အချက်အလက်များပျက်စီးမည်ဖြစ်သည်) နှင့် IMAP (ဆာဗာတွင်လည်း အချက်အလက် မိတ္တူများ ကျန်ခဲ့မည်ဖြစ်သည်) တို့၏ ကွာခြားချက်ကို Thunderbird ၏ တရားဝင် မှတ်တမ်း တွင် လေ့လာနိုင်သည်။ အီးမေးလ် ဝန်ဆောင်မှုအများစုတွင် POP3 နှင့် IMAP တို့ဖြင့် အသုံးပြုရန် လမ်းညွှန်ချက်များ ထောက်ပံ့ပေးထားပါသည်။

ပုံနှိပ် စာရွက်စာတမ်းများကို စကန်ဖတ်ပြီး အရံသိမ်းဆည်းပါ

ဖြစ်နိုင်လျှင် သင်၏ အရေးကြီးသော စာရွက်များအားလုံး (သို့မဟုတ် ဓါတ်ပုံများ) ကို စကန်ဖတ်ပါ။ စကန်ဖတ်ပြီးသည်များ သို့ ဓါတ်ပုံများကို သင်၏ အခြား အီလက်ထရောနစ် စာရွက်စာတမ်းများနှင့် အတူ အထက်တွင် ဆွေးနွေးထားသည့်အတိုင်း အရန်သိမ်းဆည်းပါ။

Cloud ဝန်ဆောင်မှုများသို့ အရံသိမ်းဆည်းသင့်ခြင်း မသင့်ခြင်းကို စဉ်းစားပါ

သင့်ဒေတာကို ဝန်ဆောင်မှု၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် သင့်အတွက် ဝှက်စာစနစ်အနေဖြင့်ပြောင်းပေးသည့် ("အစွန်းနှစ်ဖက် ဝှက်စာစနစ်" သို့မဟုတ် "သိုလှောင်သူပင် မသိရှိနိုင်သည့်" ဖိုင်သိုလှောင်မှု ဝန်ဆောင်မှုများ ဟု ခေါ်သည့်) ဝန်ဆောင်မှုတစ်ခု ကို အသုံးပြုမည်လား သို့မဟုတ် သင့်ဖိုင်များကို ကိုယ်တိုင် ဝှက်စာစနစ်ပုံစံပြောင်းလဲပြီးမှ ကလောက်ဒ်ပေါ်သို့ ဖိုင်ပွားသိမ်းဆည်းမည်လား ဆိုသည်ကို စဉ်းစားပါ။

ဤကဲ့သို့ အကြံပြုရသည့် အကြောင်းရင်းမှာ

တစုံတစ်ယောက်မှ ကွန်ပျူတာဝန်ဆောင်မှုတစ်ခုကို "cloud" ဟုခေါ်သောအခါ သင့်အနေဖြင့် ၄င်းကို "အခြားသူများ၏ ကွန်ပျူတာများ" အဖြစ်မှတ်ယူနိုင်သည်။ ဂူးဂဲလ် drive ၊ icloud ၊ dropbox နှင့် Nextcloud ကဲ့သို့သော Cloud ဝန်ဆောင်မှုများသည် သင့်အရံသိမ်းဆည်းမှုများ နှင့် အခြားဒေတာများကို ၎င်းတို့၏ ကုမ္မဏီမှ ပိုင်ဆိုင်သော ဆာဗာများ (ကွန်ပျူတာများ) တွင် သိမ်းဆည်းသည်။ ဤ အနေအထားရ သင်၏ ရန်သူများ အနေဖြင့် သင့်ထံမှ အချက်အလက်များကို သင်မသိပဲ (သင်ပိုင်ဆိုင်သော စက်ပစ္စည်းများမှ ခိုးယူမည်ဆိုပါက၊ သင့်အနေဖြင့် ပိုမို သတိပြုမိ့နိုင်သည်) ခိုးယူနိင်စေရန် အခွင့်အရေး ပိုရနိုင်သည်။ ထိုကြောင့် သင်၏ တန်ဖိုးရှိသော ဒေတာကို ကိုယ့်စက်တွင် မိတ္တူတစ်စုံ ကူးယူထားနိုင်ရန် အကြံပြုနိုင်ပါသည်။

သို့သော်လည်း သင်၏ လုပ်ငန်းခွင်နေရာ သို့မဟုတ် စက်ပစ္စည်းများ အနေဖြင့် ပျက်စီးမှုဖြစ်ပွားခြင်း သို့မဟုတ် သင်၏ အရံကူးယူထားသည်များကို တွေ့ရှိပြီး သိမ်းဆည်းခံရခြင်း အန္တရာယ် ရှိနိုင်သည်။ ထို့အကြောင့်အရံ သိမ်းဆည်းမှုတွင် ဒေတာကို ဝှက်စာစနစ်ပြုလုပ်ပြီး လုံခြုံစိတ်ချရသော Cloud ဝန်ဆောင်မှုများတွင် ထိန်းသိမ်းသည်မှာ အဓိပ္ပါယ်ရှိနိုင်သည်။

ကလောက်ဒ် ဝန်ဆောင်မှုပေးသူ တစ်ခုကို စဉ်းစားရွေးချယ်သည့်အခါ ထိုဝန်ဆောင်မှုသည် အစွန်းနှစ်ဖက် ဝှက်စာစနစ်ကို အသုံးပြုခြင်း ရှိမရှိ၊ ပိုင်ရှင်များကို သင် ယုံကြည်မှု ရှိမရှိ နှင့် ဥပဒေရေးရာ ကာကွယ်ပေးမှု အဆင့်အတန်းကို အကဲဖြတ်ရန်အတွက် အဆိုပါဝန်ဆောင်မှုကို မည်သည့်နိုင်ငံတွင် မှတ်ပုံတင်ထားပြီး ဆာဗာများ မည်သည့်နေရာတွင် တည်ရှိသည်တို့ကို ထည့်သွင်းစဉ်းစားပါ။

cloud ဝန်ဆာင်မှုများတွင် မသိမ်းဆည်းခင် သင့်ဖိုင်များကို ကာကွယ်ပါ

ဤကဲ့သို့ အကြံပြုရသည့် အကြောင်းရင်းမှာ

တစ်စုံတစ်ယောက် (အန္တရာယ်ပြုနိုင်သူများ ၊ ဝန်ဆောင်မှု၏ ပိုင်ရှင်ကဲ့သို့) က သင် အင်တာနက် ပေါ် တွင် သိမ်းဆည်းထားသော ဖိုင်များကို ဝင်ရောက်အသုံးပြုမည်ကို စိုးရိမ်လျှင် ဝှက်စာစနစ်ပြုလုပ်ခြင်းကို အသုံးပြု၍ ကာကွယ်နိုင်သည်။

ဝှက်စာနစ်ထောက်ပံ့ပေးသော cloud ဝန်ဆောင်မှုများ

အကယ်၍ သင့်၏ ဖိုင်များကို ကလောက်ဒ်ပေါ်တွင် ထားရှိရန် ဆုံးဖြတ်ပါက အောက်ပါ သိုလှောင်သူပင် မသိရှိနိုင်သည့်၊ အစွန်းနှစ်ဖက် ဝှက်စာစနစ်ပါဝင်သော ရွေးချယ်စရာများထဲမှ တစ်ခုကို အသုံးပြုရန် စဉ်းစားပါ:

  • Filen (10 GB အခမဲ့ဖြစ်သည်; ကျော်လွန်ပါက ဝန်ဆောင်မှုဖိုးပေးရမည်ဖြစ်သည်)။
  • Internxt (10 GB အခမဲ့ဖြစ်သည်; ကျော်လွန်ပါက ဝန်ဆောင်မှုဖိုးပေးရမည်ဖြစ်သည်)။
  • Mega.io (15 GB အခမဲ့ဖြစ်သည်; ကျော်လွန်ပါက ဝန်ဆောင်မှုဖိုးပေးရမည်ဖြစ်သည်)။
  • Nextcloud (NextCloud အား မိမိ ဆာဗာတွင် အသုံးပြုနိုင်သည်။ အခြားနည်းလမ်းအနေဖြင့် hosting provider များအနေဖြင့် အနည်းဆုံး 2 GB အထိ အခမဲ့ သုံးစွဲနိုင်ရန် ထောက်ပံ့ပေးသည်)။
  • PCloud (ပိုက်ဆံပေးသုံးရမည့် ဝန်ဆောင်မှုဖြစ်သည်၊ အထူးသဖြင့် pCloud ဝှက်စာစနစ်ရရှိနိုင်ရန် အတွက်)။
  • Proton Drive (5 GB အခမဲ့ဖြစ်သည်; ကျော်လွန်ပါက ဝန်ဆောင်မှုဖိုးပေးရမည်ဖြစ်သည်)။
  • Skiff Drive (10 GB အခမဲ့ဖြစ်သည်; ကျော်လွန်ပါက ဝန်ဆောင်မှုဖိုးပေးရမည်ဖြစ်သည်)။
  • SpiderOak (ပိုက်ဆံပေးသုံးရမည့် ဝန်ဆောင်မှုဖြစ်သည်)။
  • Sync (5 GB အခမဲ့ဖြစ်သည်; ကျော်လွန်ပါက ဝန်ဆောင်မှုဖိုးပေးရမည်ဖြစ်သည်)။
  • Tresorit (ပိုက်ဆံပေးသုံးရမည့် ဝန်ဆောင်မှုဖြစ်သည်)။

သင့် စက်ပစ္စည်းတွင် ပါဝင်ပြီးသား tools နှင့် အပလီကေးရှင်းများကို ကိုအသုံးပြု၍ cloud ဝန်ဆောင်မှုတွင် အရံသိမ်းဆည်းပါ

အန်းဒရွိုက်

  • Google Drive ကို အသုံးပြုပြီး အရံသိမ်းဆည်းပါ
  • အရံသိမ်းဆည်းသည့် အချက်အလက်များသည် ဂူဂဲလ် ၏ ဆာဗာများ တွင် သင်၏ ဂူဂဲအကောင့် စကားဝှက် ဖြင့်သိမ်းဆည်းမည်ဖြစ်သည်။ အချို့အချက်အလက်များကို သိမ်းဆည်းရာ၌ သင်၏ screen lock PIN ၊ Pattern နှင့် စကားဝှက်များကို ဝှက်စာစနစ်ကိုပြန်ဖြေရန်အတွက် သတ်မှတ် သိမ်းဆည်းသည်။

အိုင်အိုအက်စ်

MacOS (မတ်အိုအက်စ်)

ဝင်းဒိုး

ဖျက်ပစ်လိုက်သော သို့မဟုတ် ဆုံးရှုံးသွားသော အချက်အလက်များကို ပြန်လည်ရန်

သင်ရဲ့ ဒေတာအချက်အလက်များ ဆုံးရှုံးမှုမှ ကာကွယ်နိုင်ရန်အတွက် Digital First Aid Kit's guide ကိုကြည့်ရှုပြီး ပြင်ဆင်မှုများပြုလုပ်နိုင်သည်။ ကျွန်ုပ် ၏ အချက်အလက်များ ဆုံးရှုံးသွားပါသည်.

ဒေတာ ပြန်လည်ဆယ်ယူခြင်းသည် အလွန်ရှုပ်ထွေးသော လုပ်ငန်းစဉ်တစ်ခု ဖြစ်ပြီး ကျွမ်းကျင်အဆင့် ဆယ်ယူရေး ဆော့ဖ်ဝဲလ်သည် ကျွမ်းကျင်သူ၏ ဗဟုသုတ လိုအပ်နိုင်ပါသည်။ သို့သော်လည်း အောက်တွင် ဖော်ပြထားသည့် ကိရိယာများကဲ့သို့သော တချို့ကိရိယာများသည် စွမ်းဆောင်ရည် ကန့်သတ်ချက် ရှိသော်လည်း ကွန်ပျူတာ သို့မဟုတ် ပြင်ပပစ္စည်းတစ်ခုခုတွင် သိမ်းဆည်းထားပြီး ဖျက်လိုက်သော သို့မဟုတ် ပျောက်ဆုံးသွားသော ဒေတာများကို ပြန်လည်ဆယ်ယူပေးနိုင်ပါသည်။ အကယ်၍ သင့်၏ ပစ္စည်းသည် သင် ဖျက်လိုက်သော အချက်အလက်များပေါ်တွင် ဒေတာအသစ်များကို ထပ်မံရေးသွင်းပြီးသွားပြီ ဆိုပါက ဤကိရိယာများသည် အလုပ်လုပ်မည် မဟုတ်ပါ။ ဖြစ်နိုင်ပါက ဖိုင်များကို ပြန်လည်ဆယ်ယူရန် မကြိုးစားမီ (သို့မဟုတ် တစ်စုံတစ်ယောက်အား သင့်အတွက် လုပ်ဆောင်ခိုင်းခြင်း မပြုမီ) အချိန်အထိ သင့်ပစ္စည်းကို အသုံးပြုခြင်းမှ ရပ်နားထားပါ။ သင့်ပစ္စည်းပေါ်တွင် အခြားအလုပ်များကို ထပ်မံလုပ်ဆောင်ခြင်းက သင် ပျောက်ဆုံးသွားသော ဖိုင်များပေါ်သို့ ဒေတာအသစ်များ ထပ်မံရေးသွင်းမိစေနိုင်ပြီး ထိုဖိုင်များကို ပြန်လည်ရယူရန် မဖြစ်နိုင်တော့သည့် အခြေအနေ ဖြစ်သွားစေနိုင်ပါသည်။ ဖိုင်ကို ပြန်လည်ရယူရန် မကြိုးစားမီ သင့်ကွန်ပျူတာကို ကြာရှည်စွာ ဆက်လက်အသုံးပြုလေလေ အဆိုပါဖိုင်ကို ပြန်လည်ရယူနိုင်ရန် ဖြစ်နိုင်ခြေ ပို၍ နည်းပါးသွားလေလေ ဖြစ်သည်။ သင့်အနေဖြင့် Digital First Aid Kit တွင်လည်း အကူအညီများကို ရှာဖွေနိုင်ပါသည်။

လင်းနဇ်စ်၊ မတ်အိုအက်စ် နှင့် ဝင်းဒိုး

ဝင်းဒိုး

ဤကဲ့သို့ အကြံပြုရသည့် အကြောင်းရင်းမှာ

သင် ဖိုင်တစ်ခုကို ဖျက်လိုက်သောအခါ မြင်ကွင်းမှ ပျောက်ကွယ်သွားသည် သို့သော် သင့်စက်ပစ္စည်းတွင် ထိုအချက်အလက်သည် ကျန်ရှိနေသည်။ သင် Recycle Bin သို့မဟုတ် Trash ကို ရှင်းလင်းအောင်ပြုလုပ်ပြီးနောက်ပိုင်းတွင်ပင် သင်ဖျက်ထားသော ဖိုင်များကို Hard drive များပေါ်တွင် ရှာဖွေတွေ့ရှိနိုင်သည်။ သင့်လုံခြုံရေးအပေါ် အန္တရာယ်ကျရောက်စေနိုင်ပုံကို လေ့လာရန် မည်သို့ ထိရှလွယ်သောအချက်အလက်များကို ဖျက်ပစ်ရမည်နည်း ကိုလေ့လာပါ။

အကယ်၍ အရေးကြီးသော ဖိုင်တစ်ခုကို မတော်တဆဖျက်မိသည်ဆိုပါက သင်အတွက် ဤ အရာက အကျိုးပြုနိုင်ပါသည်။ ကျွန်ုပ် တို့ ညွှန်းဆိုထားသော အချို့သော ပရိုဂရမ်များမှတဆင့် မကြာသေးမီက ဖျက်ထားသော ဖိုင်များသို့ ဝင်ရောက်ခွင့်ကို ပြန်လည်ရယူနိုင်သည်။