၅။ ဆုံးရှုံးသွားတဲ့ သတင်း အချက်အလက်များ ပြန်ဆယ်နည်း

မာတိကာ

...Loading Table of Contents...

    ဒစ်ဂျစ်တယ် သတင်း အချက်အလက်တွေကို သိုလှောင်နိုင် (သို့) လွှဲပြောင်းနိုင်တဲ့ နည်းလမ်းသစ် တခုစီကြောင့် စဉ်းစားစရာ ဖြစ်လာနေတဲ့ သတင်း အချက်အလက်တွေ ပျောက်ဆုံးသွားတာ၊ အခိုးခံရတာ (သို့) အဖျက်ဆီးခံရတာတွေ ဖြစ်ပေါ်လာနိုင်တယ်။ နှစ်နဲ့ချီပြီး လုပ်ဆောင်လာခဲ့တဲ့ အရတွေကို အခိုးခံရတာ၊ နမော်နမက်နိုင်မှုကြောင့် ပျက်စီးသွားတာ၊ ကွန်ပျူတာ hardware အသိမ်းခံရတာ၊ (သို့) ဒီဂျစ်တယ် သိုလှောင်ရေး နည်းပညာရဲ့ သဘော သဘာဝအရ အကြမ်းမခံတာတွေကြောင့် တခဏ အတွင်းမှာ ပျောက်ဆုံးသွားနိုင်တယ်။ ကွန်ပျူတာနဲ့ ဆိုင်တဲ့ ကူညီပံ့ပိုးမှုပေးတဲ့ ကျွမ်းကျင်သူတွေကြားမှာ ပြောဆိုသုံးနှုန်းလေ့ရှိတဲ့ ဆိုရိုးစကား တခုကတော့ - "အကယ်လို့ ဒေတာ ပျောက်ဆုံးသွားတယ်ဆိုရင် ဆိုတာ မေးရမဲ့ မေးခွန်း မဟုတ်ဘူး၊ ဘယ်အချိန်မှာ ပျောက်သွားသလဲ ဆိုတာ သိဖို့ပဲ အရေးကြီးတယ်" ဆိုတဲ့အချက် ဖြစ်တယ်။ ဒါကြောင့် ဒီလို အခြေအနေမျိုးနဲ့ ကြုံတွေ့လာရင်၊ နောက်ဆုံး Backup တခုကို ပြန်ဆယ်တင်နိုင်ဖို့ စနစ်တကျ စမ်းသပ်ထားတဲ့ ကိရိယာ တခုခုကို အသုံးပြုဖို့ အလွန် အရေးကြီးတယ်။ Backup နည်းစနစ်ရဲ့ အရေးကြီးပုံကို သတိပြုလာတဲ့ အချိန်ဟာ Backup တခုကို စနစ်တကျ ထားရှိဖို့ လိုအပ်လာတဲ့နေ့ကနေ စတင်လာတယ်။

    အဲဒါဟာ လုံခြုံမှု ရှိတဲ့ တွက်ချက်မှုထဲမှာ အခြေခံအကျဆုံး အစိတ်အပိုင်းတွေထဲက တခု ဖြစ်ပေမဲ့၊ ထိရောက်တဲ့ Backup မူဝါဒကို ဖန်းတီးဖို့ ဆိုတာ ထင်ထားသလို သာမန် ကိစ္စတော့ မဟုတ်ဘူး။ မူရင်း ဒေတာနဲ့ Backup တွေကို ပြင်ပ နေရာအမျိုးမျိုးမှာ သိမ်းဆည်းဖို့ လိုအပ်လာမှု၊ Backup တွေကို စိတ်ချလက်ချ သိမ်းဆည်းရန် အရေးကြီးပုံ၊ ကိုယ်ပိုင် အိတ်ဆောင် သိမ်းဆည်းရေး ကိရိယာ (storage devices) တွေကို အသုံးပြုပြီး တယောက်နဲ့ တယောက်အကြား သတင်း အချက်အလက်တွေ ဝေမျှနေကြတဲ့ လူအမျိုးမျိုးကို ညှိနှိုင်းရတဲ့ အခက်အခဲ အမျိုးမျိုးကြောင့် ထွက်ပေါ်လာတဲ့ စီမံခန့်ခွဲပိုင်းမှာ အခက်အခဲ တခု ဖြစ်လာနိုင်တယ်။ Backup နဲ့ ဖိုင်ဆယ်တင်မှု (file-recovery) နည်းနာတွေအပြင်၊ Cobian Backup နဲ့ Undelete Plus ကိရိယာ နှစ်မျိုး အကြောင်းကို ဒီအခန်းမှာ တင်ဆက် ပေးထားတယ်။

    နောက်ခံ ဇာတ်လမ်း -

    အယ်လင်နာဟာ ရုရှား စကားပြောတဲ့ နိုင်ငံတခုမှာ သဘာဝ ထိန်းသိမ်းရေး အဖွဲ့ဝင် တဦးဖြစ်ပြီး၊ အဲဒီဒေသက တရားမဝင် သစ်ပင် ခုတ်ထွင်မှု အခြေအနေကို အသားပေးတဲ့ ရုပ်ပုံတွေ၊ ဗွီဒီယိုတွေ၊ မြေပုံတွေနဲ့ အဖြစ်အပျက်တွေကို ဆန်းဆန်းပြားပြား ဖန်တီးထားတဲ့ တင်ဆက်မှုကို အခြေခံပြီး ကွန်ရက် စာမျက်နှာ တခုကို စတင် တည်ဆောက်ခဲ့တယ်။ သူမဟာ သစ်ထုတ်လုပ်မှုနဲ့ ပါတ်သက်တဲ့ စာတမ်းတွေ၊ မီဒီယာ ဖိုင်တွေနဲ့ ပထဝီ အနေအထားနဲ့ဆိုင်တဲ့ အချက်အလက်ကို နှစ်ပေါင်းများစွာ စုဆောင်းခဲ့ပြီး အဲဒါတွေကို သူမ အလုပ်လုပ်နေတဲ့ NGO ရုံးတွင်းက ဝင်းဒိုး ကွန်ပျူတာ အဟောင်း တလုံးထဲမှာ အများစုကို သိမ်းဆည်းထားခဲ့တယ်။ အဲဒီသတင်း အချက်အလက်တွေ အကြောင်းကို တင်ထားတဲ့ ကွန်ရက် စာမျက်နှာ တခုကို တည်ဆောက်နေတဲ့ အချိန်မှာ၊ ဖိုင်တွေရဲ့ အရေးပါပုံကို သတိပြုမိလာတယ်၊ အထူးသဖြင့် ဖိုင်အားလုံးကို ကွန်ရက် စာမျက်နှာပေါ် မတင်မီ အကယ်လို့ သူမရဲ့ ကွန်ပျူတာ ပျက်စီးသွားခဲ့ရင်၊ ဖိုင်တွေကို ထိန်းသိမ်းရမဲ့ ကိစ္စအတွက် စိတ်ပူလာမိတယ်။ သူမ အလုပ်လုပ်နေတဲ့ အဖွဲ့အစည်းမှာ တခြား အဖွဲ့ဝင်တွေကလည်း အဲဒီကွန်ပျူတာကို တခါတလေ အသုံးပြုတတ်ကြတဲ့ အတွက်၊ သူမရဲ့ လုပ်ဆောင်ချက်တွေကို သိမ်းဆည်းထားတဲ့ ဖိုင်တွဲကို တယောက်ယောက်က အမှတ်တမဲ့ ပယ်ဖျက်မိရင် ပြန်ဆယ်တင်နိုင်တဲ့ နည်းလမ်းကို သူမ သိချင်လာတယ်။ သူမရဲ့ တူလေး နီကိုလိုင်းကို ခေါ်ပြီး Backup လုပ်တဲ့ နည်းတခုကို လုပ်ပေးဖို့ အကူအညီ တောင်းလိုက်တယ်။

    ဒီသင်ခန်းစာကနေ လေ့လာသင်ယူနိုင်တဲ့ အချက်များ

    • သတင်း အချက်အလက်တွေကို စီမံပြီး Backup လုပ်နည်း
    • Backup တွေကို သိမ်းဆည်းထားသင့်တဲ့ နေရာ
    • Backup တွေကို လုံလုံခြုံခြုံ စီမံနိုင်တဲ့ နည်းလမ်း
    • မတော်တဆ ဖျက်လိုက်မိတဲ့ ဖိုင်တွေကို ဆယ်တင်နည်း

    သတင်း အချက်အလက်များကို ခွဲခြားပြီး စီမံခြင်း

    သတင်း အချက်အလက်တွေကို ရုပ်ပိုင်းဆိုင်ရာ အန္တရာယ်တွေနဲ့ ကင်းအောင်၊ malware ကင်းစင်ပြီး Firewall ကောင်းတခု၊ ကြံ့ခိုင်တဲ့ စကားဝှက်တွေနဲ့ ကာကွယ်ထားပြီး ဘေးအန္တရာယ်တွေကို ကာကွယ်နိုင်မဲ့ အဆင့်တွေကို လုပ်ဆောင်ထားဖို့ အရေးကြီးတယ်၊ သူတို့ကို ဒီအတိုင်းထားရင် ဒီအဆင့်တွေနဲ့ မလုံလောက်ဘူး။ ချို့ယွင်းနိုင်တဲ့ အချက်တွေထဲမှာ ဗိုင်းရပ်စ် တိုက်ခိုက်ခံရခြင်း၊ ဟက်ကာတွေ၊ လျှပ်စစ် ပတ်လမ်းတွေ၊ မီးပန်းတွေ၊ ရေဖိတ်စင်မှုတွေ၊ သူခိုး၊ ပစ္စည်း သိမ်းခံရခြင်း၊ သံလိုက်ဓါတ် ပြယ်သွားခြင်း၊ operating system ပျက်သွားခြင်းနဲ့ hardware ချို့ယွင်းခြင်း စတာတွေ ပါဝင်တယ်။ ဘေးအန္တရာယ်အတွက် ကြိုတင် ပြင်ဆင်တာဟာ ကာကွယ်ခြင်းနဲ့ တပုံစံထဲ အရေးကြီးတယ်။

    အယ်လင်နာ - နီကိုလိုင်ရယ်၊ backup အရေးကြီးတာကို ကျွန်တော် သိပါတယ်၊ ဒါပေမဲ့ကျွန်တော့် အနေနဲ့ တခြားတယောက်ယောက်ရဲ့ အကူအညီနဲ့ အဲဒါကို လုပ်ရမယ် ဆိုလိုတာလား။ ပြောချင်တာက၊ ဒီအရာကို ကျွန်တော် ကိုယ်တိုင် လုပ်နိုင်ဖို့ အချိန်၊ အရင်းအမြစ်တွေနဲ့ ကျွမ်းကျင်မှုတွေ ရှိနေရမယ် ဆိုလိုတာလား။

    နီကိုလိုင်း - အဆင်ပြေသွားမှာပါ။ backup အစီအစဉ်ကောင်းတခု ဖြစ်လာဖို့ အတ်ာတော် စဉ်စားယူရမယ်၊ အချိန် (သို့) ငွေကြေး ကုန်ကျတာကို ပြောတာ မဟုတ်ဘူး။ သတင်း အချက်အလက် အားလုံး ဆုံးရှုံးခံရတာနဲ့ ယှဉ်ကြည့်ရင်၊ ဒါကို အဆင်မပြေဘူးလို့ ပြောလို့ မရပါဘူး၊ ဟုတ်ပါတယ်နော်။ ဒါ့အပြင်၊ backup ဆိုတာ သင်ကိုယ်တိုင် လုပ်ဆောင်ရမဲ့ အရာတွေထဲက တခု အပါအ၀င် ဖြစ်တယ်။ ဒီလို နည်းပညာကို ပံ့ပိုးကူညီ ပေးလာမဲ့ သူတွေဟာ သင့်ရဲ့ ဒစ်ဂျစ်တယ် အချက်အလက်တွေကို သိမ်းထားရမဲ့ နေရာနဲ့ ပတ်သက်ပြီး စိတ်ချယုံကြည်ရတဲ့ သူတွေ၊ ကျွမ်းကျင်တဲ့ သူတွေ မဟုတ်ဘူး ဆိုရင်၊ ဒီလို အစီအစဉ်တွေကို ကိုယ့်ဟာကိုယ် လုပ်တာ ပိုကောင်းပါတယ်။

    Backup မူဝါဒ တခုကို ချမှတ်ဖို့ ပထမ အဆင့်ကတော့ သင့်ရဲ့ ကိုယ်ရေးကိုယ်တာနဲ့ လုပ်ငန်း အချက်အလက်တွေ လောလောဆယ် ရှိနေတဲ့ နေရာကို ပုံဖော်ပေးဖို့ပဲ ဖြစ်တယ်။ ဥပမာ အားဖြင့်၊ သင့်ရဲ့ အီးမေးလ်ကို ပံ့ပိုးသူ (provider)ရဲ့ မေးလ် ဆာဗာထဲမှာ ဖြစ်ဖြစ်၊ သင့်ကိုယ်ပိုင် ကွန်ပျူတာထဲမှာ ဖြစ်ဖြစ်၊ (သို့) အဲဒီ နှစ်မျိုးစလုံးမှာ တပြိုင်ထဲ သိမ်းထားနိုင်တယ်။ သင့်ဆီမှာ အီးမေးလ် အကောင့် အတော်များများ ဖွင့်ထားနိင်တယ်။ နောက်ပြီး၊ အသုံးပြုနေတဲ့ ကွန်ပျူတာတွေထဲက အရေးကြီးတဲ့ မှတ်တမ်းမှတ်ရာတွေဟာ ရုံးနဲ့ အိမ်တွေမှာ ထားရှိနိုင်တယ်။ လိပ်စာ စာအုပ်တွေ၊ ချက်တင်စကားပြောတဲ့ မှတ်တမ်းတွေနဲ့ ကိုယ်ရေးကိုယ်တာ ပရိုဂရမ် settings တွေ ရှိနိုင်တယ်။ တချို့ အချက်အလက်တွေကို ဖြုတ်တပ်လို့ရတဲ့ USB မှတ်ဉာဏ်ချောင်းတွေ၊ ခရီးဆောင် hard drive တွေ၊ CD တွေ၊ DVD တွေနဲ့၊ floppy disk အဟောင်းတွေ စတဲ့ မီဒီယာတွေမှာ သိမ်းထားနိုင်တယ်။ လက်ကိုင်ဖုန်းထဲက အဆက်အသွယ်တွေရဲ့ လိပ်စာတွေ၊ အရေးကြီးတဲ့ စာတိုပေးပို့ချက်တွေကို သိမ်းထားနိုင်တယ်။ ကွန်ရက် စာမျက်နာ တခုခု ရှိတယ်ရင်၊ အဲဒီထဲမှာ နှစ်နဲ့ ချီပြီး စုဆောင်းခဲ့တဲ့ ဆောင်းပါး အများအပြား ရှိနိုင်တယ်။ နောက်ဆုံးအနေနဲ့၊ မှတ်စုစာအုပ်တွေ၊ နေ့စဉ်မှတ်တမ်းတွေနဲ့ ပေးစာတွေ စတဲ့ ဒစ်ဂျစ်တယ်နဲ့ မဆိုင်တဲ့ အချက်အလက်တွေကို မေ့ထားလို့ မရဘူး။

    နောက်တမျိုးအနေနဲ့၊ အဲဒီ ဖိုင်တွေထဲက ဘယ်ဖိုင်တွေဟာ 'မူရင်း ကော်ပီတွေ' ဖြစ်တယ် ဆိုတာ ခွဲခြားသိရှိဖို့ လိုတယ်၊ တခါတလေ ထပ်နေတတ်ကြတယ်။ မူရင်း ကော်ပီဟာ အများအားဖြင့် ဖိုင်တခုခု (သို့) ဖိုင်အစုအစည်းရဲ့ နောက်ဆုံး update လုပ်ထားတဲ့ ဗားရှင်းဖြစ်ပြီး၊ အကယ်လို့ အကြောင်းအရာကို မွမ်းမံလိုတဲ့အခါ ကိုယ်တိုင် တည်းဖြတ်လို့ ရတဲ့ ကော်ပီတခုနဲ့ ညီမျှတယ်။ ထင်ရှားတာကတော့၊ ဒီထူးခြားချက်ဟာ ဖိုင်တပုဒ်ထဲကနေ ထွက်လာတဲ့ ဖိုင်တွေကို မဆိုလိုဘူး၊ ဒါပေမဲ့ တချို့ အချက်အလက် အမျိုးအစားတွေ အတွက်တော့ အလွန် အရေးကြီးနေတယ်။ အရေးကြီးတဲ့ မှတ်တမ်းမှတ်ရာ တခုရဲ့ ကော်ပီပွားတွေကိုပဲ back up လုပ်ထားပြီး၊ အဲဒီ ကော်ပီပွားတွေကို back up မလုပ်ခင် မူရင်း ကော်ပီ ပျောက်သွားတဲ့အခါ (သို့) ဖျက်ဆီးခံရတဲ့အခါတွေမှာ ပြဿနာ တခု ပေါ်လာတတ်တယ်။ ဥပမာအနေနဲ့၊ စဉ်းစားကြည့်လိုက်ပါ၊ USB မှတ်ဉာဏ်ချောင်းထဲမှာ သိမ်းထားတဲ့ spreadsheet ကော်ပီတခုကို မွမ်းမံနေရင်းနဲ့ တပတ်လောက် ခရီးသွားနေတယ် ဆိုပါစို့။ ဒီနေရာမှာ၊ အခု သင် မွမ်းမံနေတဲ့ ကော်ပီကို မူရင်း ကော်ပီအဖြစ် မှတ်ယူရမှာ ဖြစ်တယ်၊ ဘာကြောင့်လဲ ဆိုတော့ ရုံးကွန်ပျူတာထဲက ရက်လွန်သွားပြီး အလိုအလျှောက် backup လုပ်ထားတဲ့ ဗားရှင်းတွေဟာ အသုံး မဝင်တော့လို့ ဖြစ်တယ်။

    အပေါ်က ခွဲခြားထားတဲ့ မူရင်းနဲ့၊ ကော်ပီပွားလိုက်တဲ့ အချက်အလက်တွေ အားလုံးကို သိမ်းထားတဲ့ နေရာကို ရေးမှတ်ထားပါ။ ဒီနည်းနဲ့ သင့်ရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းပေးနိုင်မှာ ဖြစ်ပြီး သင့်တော်တဲ့ backup တခုကို စတင် သတ်မှတ်နိုင်မှာ ဖြစ်တယ်။ အောက်မှာ ဖေါ်ပြတဲ့ ဇယားဟာ အလွန် အခြေခံကျတဲ့ ဥပမာ တခု ဖြစ်တယ်။ သင်ပြုစုလိုက်တဲ့ စာရင်းဟာ ပိုရှည်လာနိုင်သလို၊ တချို့ 'သိုလှောင်ရေး ကိရိယာတွေ'မှာ တခုထက် မကတဲ့ 'data type'၊ ကိရိယာမျိုးစုံမှာ ပါရှိတဲ့ တချို့ ဒေတာတွေ ပါဝင်နေတာကို တွေ့ရလိမ့်မယ်။

    <table border="1"> <tbody> <tr> <th>ဒေတာ အမျိုးအစား</th> <th>မူရင်း/မိတ္တူပွား</th> <th>သိုလှောင်ရေး ကိရိယာ</th> <th>တည်နေရာ</th> </tr> <tr> <td>အီလက်ထရိုနစ် စာတမ်းများ</td> <td>မူရင်း</td> <td>ကွန်ပျူတာ hard drive</td> <td>ရုံး</td> </tr> <tr> <td>အရေးကြီးတဲ့ အီလက်ထရိုနစ် စာတမ်းများ တချို့</td> <td>မိတ္တူပွား</td> <td>USB မှတ်ဉာဏ်ချောင်း </td> <td>ကျွန်တော့ဆီမှာ</td> </tr> <tr> <td>ပရိုဂရမ် ဒေတာဘေ့စ်များ (ဓါတ်ပုံများ၊ လိပ်စာ စာအုပ်၊ ပြက္ခဒိန်၊ စသဖြင့်) </td> <td>မူရင်း</td> <td>ကွန်ပျူတာ hard drive</td> <td>ရုံး</td> </tr> <tr> <td>အီလက်ထရိုနစ် စာတမ်းများ တချို့</td> <td>မိတ္တူပွား</td> <td>CDများ</td> <td>အိမ်</td> </tr> <tr> <td>အီးမေးလ် & အီးမေးလ် အဆက်အသွယ်များ</td> <td>မူရင်း</td> <td>ဂျီးမေးလ် အကောင့်</td> <td>အင်တာနက် </td> </tr> <tr> <td>စာတိုပို့စာများ & ဖုန်း အဆက်အသွယ်များ</td> <td>မူရင်း</td> <td>လက်ကိုင်ဖုန်း</td> <td>ကျွန်တော့်ဆီမှာ</td> </tr> <tr> <td>ပုံနှိပ်ထုတ်ထားတဲ့ စာတမ်းများ (သဘောတူစာချုပ်၊ ကုန်ပို့လွှာ) </td> <td>မူရင်း</td> <td>စားပွဲ အံဆွဲ </td> <td>ရုံး</td> </tr> </tbody> </table>

    အပေါ်က ဇယားထဲမှာ တွေ့ရတဲ့ အချက်များ -

    • အကယ်လို့ ရုံးက ကွန်ပျူတာရဲ့ hard drive ပျက်သွားတယ် ဆိုရင် ကျန်ရှိနေမဲ့ တခုတည်းသော မှတ်တမ်းမှတ်ရာတွေ ကတော့ အိမ်မှာ သိမ်းထားတဲ့ USB မှတ်ဉာဏ်ချောင်းနဲ့ CD မိတ္တူတွေပဲ ဖြစ်တယ်။
    • အီးမေးလ် လိပ်စာတွေ (သို့) လိပ်စာ စာအုပ်တွေရဲ့ အော့ဖ်လိုင်း ကော်ပီတွေ သင့်ဆီမှာ ရှိမှာ မဟုတ်ဘူး၊ ဒါကြောင့် အကယ်လို့ စကားဝှက်ကို မေ့သွားရင် (ဒါမှမဟုတ် တယောက်ယောက်က တမြင်သက်သက် ပြောင်းလိုက်တယ် ဆိုရင်)၊ အီဒီ ကော်ပီတွေကို ဆုံးရှုံးရမှာ ဖြစ်တယ်။
    • လက်ကိုင်ဖုန်းထဲမှာ ဒေတာ ကော်ပီ တခုမှ ရှိမှာ မဟုတ်ဘူး။
    • သင့်ဆီမှာ သဘောတူစာချုပ်တွေ၊ ကုန်ပို့လွှာတွေရဲ့ မိတ္တူပွားတွေ၊ ဒစ်ဂျစ်တယ်နည်းနဲ့ (သို့) စာရွက်နဲ့ ပုံနှိပ်ထားတဲ့ မှတ်တမ်း မှတ်ရာတွေ ရှိမှာ မဟုတ်ဘူး။

    အရန်သင့် သိမ်းဆည်းမည့် ပုံစံ သတ်မှတ်ခြင်း

    အပေါ်မှာ စာရင်းပြထားတဲ့ ဒေတာ အမျိုးအစား အားလုံးကို အရန်သင့် သိမ်းဆည်းဖို့အတွက်၊ ဆော့ဗ်ဝဲနဲ့ လုပ်ငန်းစဉ် ရှင်းလင်းချက်တွေအတွက် စုစည်းချက် တစ်ခု လိုအပ်လာမှာ ဖြစ်တယ်။ အထူးသဖြင့်၊ အဲဒီ ဒေတာ အမျိုးအစား တစ်ခုစီဟာ သီးခြား နေရာနှစ်ခုမှာ သိမ်းထားရမှာ ဖြစ်တယ်။

    အီလက်ထရိုနစ် မှတ်တမ်းမှတ်ရာများ - Cobian Backup လို ပရိုဂရမ် တစ်ခုကို အသုံးပြုပြီး အောက်မှာ အသေးစိတ် ဖော်ပြထားတဲ့အတိုင်း ကွန်ပျူတာထဲက မှတ်တမ်းမှတ်ရာတွေအတွက် အရန်သင့် သိမ်းဆည်းချက် တစ်ခု ဖန်တီးလိုက်ပါ။ အရန်သင့် သိမ်းဆည်းချက်ကို အိမ်မှာ ဖြစ်ဖြစ် (သို့) တခြား အန္တရာယ်ကင်းတဲ့ နေရာတချို့မှာ ဖြစ်ဖြစ် အလွယ်တကူ ယူသွားနိုင်တဲ့အရာ တစ်ခုခုထဲမှာ သိမ်းဆည်းထားပါ။ ဖြုတ်တပ်နိုင်တဲ့ hard drives, CD/DVDs (သို့) USB မှတ်ဉာဏ်ချောင်းတွေကို ရွေးချယ် သုံးစွဲနိုင်တယ်။ တချို့လူတွေက CDs (သို့) DVDs ကို အသုံးပြုကြတယ်။ အကြောင်းကတော့ အရန်သင့် သိမ်းဆည်းချက်အပေါ် ထပ်ရေးတာတို့၊ ပျောက်ဆုံးတာတို့ စတဲ့ အန္တရာယ်တွေ လျှော့နည်းတဲ့အတွက် ဖြစ်တယ်။ အရန်သင့် သိမ်းဆည်းမှု တစ်ခု ပြုလုပ်လိုတဲ့ အခါတိုင်း အသုံးပြုလောက်အောင် CD အလွတ်ဟာ ဈေးနှုန်း ချိုသာပါတယ်။

    ဒီလို ဒေတာမျိုးကွဲမှာ အလွန် အထိခိုက်မခံတဲ့ သတင်း အချက်အလက်တွေ မကြာခဏ ပါရှိတတ်တဲ့အတွက်၊ စာဝှက်စနစ်ကို အသုံးပြုပြီး မိမိရဲ့ အီလက်ထရိုနစ် မှတ်တမ်းမှတ်ရာ အရန်သင့် သိမ်းဆည်းချက်တွေကို ကာကွယ်ဖို့ အထူး အရေးကြီးပါတယ်။ ဒီလို လုပ်ဆောင်တဲ့နည်းကို ၄။ ကွန်ပျူတာ အတွင်းရှိ အထိခိုက်မခံတဲ့ ဖိုင်များကို ကာကွယ်နည်း နဲ့ TrueCrypt လမ်းညွှန်ထဲမှာ လေ့လာ ဖတ်ရှုနိုင်တယ်။

    ပရိုဂရမ် ဒေတာဘေ့စ် - မိမိရဲ့ ပရိုဂရမ် ဒေတာဘေ့စ်တွေ ရှိတဲ့ နေရာကို သိတာနဲ့၊ ၄င်းတို့ကို အီလက်ထရိုနစ် မှတ်တမ်းမှတ်ရာ ပုံစံအတိုင်း အရန်သင့် သိမ်းဆည်းနိုင်တယ်။

    အီးမေးလ် - အီးမေးလ်ကို ကွန်ရက်ကြည့် ယန္တရား တစ်ခုခုနဲ့ ကြည့်ရှုတာထက်၊ Thunderbird ခေါ် မိုးကြိုးဌက်လို အီးမေးလ် ဂလိုင်းတစ်ခုကို ထည့်သွင်းပြီး မိမိရဲ့ အကောင့်နဲ့ တွဲသုံးနိုင်အောင် ပြုပြင်ဖန်တီးလိုက်ပါ။ မိုးကြိုးဌက် လမ်းညွှန်ထဲမှာ လုပ်ဆောင်နည်း အသေးစိတ်ကို ရှင်းပြထားတယ်။ ကွန်ရက်မေးလ် ဝန်ဆောင်မှုတွေဟာ အများအားဖြင့် အဲဒီလို ပရိုဂရမ်မျိုး အသုံးပြုနည်း၊ တခါတလေ အီးမေးလ် လိပ်စာတွေ တင်သွင်းနည်းတွေ ပါဝင်တဲ့ လမ်းညွှန်ချက်တွေကို ပံ့ပိုးထားကြတယ်။ အဲဒီ အကြောင်း အသေးစိတ်ကို အောက်မှာ ဖေါ်ပြတဲ့ ဆက်လက် လေ့လာရန် အပိုင်းမှာ ဖတ်ရှုနိုင်ပါတယ်။ အကယ်လို့ မိမိရဲ့ အီးမေးလ် အဟောင်းတွေကို (လုံခြုံရေးအရ) ဆာဗာပေါ်မှာ မထားပဲ၊ မိမိရဲ့ ကွန်ပျူတာထဲမှာ ရွှေ့ပြောင်းလိုရင်၊ အပေါ်မှာ ဖေါ်ပြခဲ့တဲ့အတိုင်း အီလက်ထရိုနစ် မှတ်တမ်းမှတ်တမ်းတွေရဲ့ အရန်သင့် သိမ်းဆည်းချက်ထဲမှာ ထည့်သိမ်းထားနိုင်တယ်။

    လက်ကိုင်ဖုန်းထဲက အကြောင်းအရာများ - လက်ကိုင်ဖုန်းထဲက ဖုန်းနံပါတ်တွေနဲ့ စာတိုပေးပို့ချက်တွေကို အရန်သင့် သိမ်းဆည်းမယ် ဆိုရင်၊ ဖုန်းကို ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ ကွန်ရက် စာမျက်နှာကနေ ရရှိနိုင်တဲ့ သင့်တော်တဲ့ ဆော့ဗ်ဝဲကို သုံးပြီး ကွန်ပျူတာနဲ့ ချိတ်ဆက်ထားနိုင်တယ်။ ဒီလို လုပ်ဆောင်ဖို့ အထူး USB ကြိုးတစ်ခုကို ဝယ်ယူဖို့ လိုလိမ့်မယ်။

    ပုံနှိပ်ထုတ်တဲ့ မှတ်တမ်းမှတ်ရာများ - ဖြစ်နိုင်တဲ့ နေရာမှာ၊ အရေးကြီးတဲ့ မိမိရဲ့ စာရွတ်စာတမ်း အားလုံးကို စကင်ဖတ်ပြီး အပေါ်မှာ ဆွေးနွေးထားတဲ့အတိုင်း၊ မိမိရဲ့ တခြား အီလက်ထရိုနစ် မှတ်တမ်းမှတ်ရာတွေနဲ့ အရန်သင့် သိမ်းဆည်းလိုက်ပါ။

    နောက်ဆုံးမှာ၊ သိုလှောင်ရေး ကိရိယာတွေ (storage devices)၊ ဒေတာ အမျိုးအစားတွေနဲ့ အရန်သင့် သိမ်းဆည်းချက်တွေကို မိမိရဲ့ သတင်း အချက်အလက်တွေ အန္တရာယ်ဒဏ် ပိုမို ခံနိုင်ရည် ရှိအောင် ပြန်ပြီး စီစဉ်ပါ -

    <table width="100%" border="1"> <tbody> <tr> <th>ဒေတာ အမျိုးအစား</th> <th>မူရင်း/မိတ္တူပွား</th> <th>သိုလှောင်ရေး ကိရိယာ</th> <th>တည်နေရာ</th> </td> </tr> <tr> <td>အီလက်ထရိုနစ် မှတ်တမ်းမှတ်ရာများ</td> <td>မူရင်း</td> <td>ကွန်ပျူတာ hard drive </td> <td>ရုံး </td> </tr> <tr> <td>အီလက်ထရိုနစ် မှတ်တမ်းမှတ်ရာများ</td> <td>မိတ္တူပွား</td> <td>CD များ</td> <td>အိမ် </td> </tr> <tr> <td>အရေးကြီးတဲ့ တချို့ အီလက်ထရိုနစ် မှတ်တမ်းမှတ်ရာများ</td> <td>မိတ္တူပွား</td> <td>USB မှတ်ဉာဏ်ချောင်း</td> <td>ကျွန်တော့်ဆီမှာ </td> </tr> </tbody> </table>

    <table width="100%" border="1"> <tbody> <tr> <th>ဒေတာ အမျိုးအစား </th> <th>မူရင်း/မိတ္တူပွား </th> <th>သိုလှောင်ရေး ကိရိယာ </th> <th>တည်နေရာ</th> </td> </tr> <tr> <td>ပရိုဂရမ် ဒေတာဘေ့စ်များ</td> <td>မူရင်း</td> <td>ကွန်ပျူတာ hard drive</td> <td>ရုံး </td> </tr> <tr> <td>ပရိုဂရမ် ဒေတာဘေ့စ်များ</td> <td>မိတ္တူပွား</td> <td>CD များ</td> <td>အိမ် </td> </tr> </tbody> </table>

    <table width="100%" border="1"> <tbody> <tr> <th>ဒေတာ အမျိုးအစား</th> <th>မူရင်း/မိတ္တူပွား</th> <th>သိုလှောင်ရေး ကိရိယာ</th> <th>တည်နေရာ</th> </td> </tr> <tr> <td>အီးမေးလ် & အီးမေးလ် အဆက်အသွယ်များ</td> <td>မိတ္တူပွား</td> <td>ဂျီးမေးလ် အကောင့်</td> <td>အင်တာနက် </td> </tr> <tr> <td>အီးမေးလ် & အီးမေးလ် အဆက်အသွယ်များ</td> <td>မူရင်း</td> <td>ရုံးကွန်ပျူတာထဲက Thunderbird</td> <td>ရုံး </td> </tr> </tbody> </table>

    <table width="100%" border="1"> <tbody> <tr> <th>ဒေတာ အမျိုးအစား</th> <th>မူရင်း/မိတ္တူပွား</th> <th>သိုလှောင်ရေး ကိရိယာ</th> <th>တည်နေရာ</th> </td> </tr> <tr> <td>စာတိုပေးပို့ချက်များ & လက်ကိုင်ဖုန်း အဆက်အသွယ်များ</td> <td>မူရင်း</td> <td>လက်ကိုင်ဖုန်း</td> <td>ကျွန်တော့်ဆီမှာ</td> </tr> <tr> <td>စာတိုပေးပို့ချက်များ & လက်ကိုင်ဖုန်း အဆက်အသွယ်များ </td> <td>မိတ္တူပွား</td> <td>ကွန်ပျူတာ hard drive</td> <td>ရုံး </td> </tr> <tr> <td>စာတိုပေးပို့ချက်များ & လက်ကိုင်ဖုန်း အဆက်အသွယ်များ</td> <td>မိတ္တူပွား</td> <td>အရန်သင့် သိမ်းဆည်းတဲ့ SIM</td> <td>အိမ် </td> </tr> </tbody> </table>

    <table width="100%" border="1"> <tbody> <tr> <th>ဒေတာ အမျိုးအစား</th> <th>မူရင်း/မိတ္တူပွား</th> <th>သိုလှောင်ရေး ကိရိယာ</th> <th>တည်နေရာ</th> </td> </tr> <tr> <td>ပုံနှိပ်ထုတ်တဲ့ စာတမ်းများ</td> <td>မူရင်း</td> <td>စားပွဲအံဆွဲ</td> <td>ရုံး </td> </tr> <tr> <td>စကင်ဖတ်ထားတဲ့ မှတ်တမ်းမှတ်ရာများ</td> <td>မိတ္တူပွား</td> <td>CD များ</td> <td>အိမ် </td> </tr> </tbody> </table>

    အယ်လီနာ - တချို့ လူတွေက မိမိတို့ရဲ့ အရေးကြီးတဲ့ ဖိုင်အားလုံးကို ဂျီမေးလ်ထဲမှာ၊ ပေးစာ 'draft' အဖြစ် ပူးတွဲပြီးဖြစ်စေ၊ ကိုယ့်ဟာကိုယ် အီးမေးလ် ပို့ပြီး ဖြစ်စေ သိမ်းဆည်းတတ်ကြတယ်။ အဲဒါတွေကို မိမိရဲ့ ဖိုင်တွေ 'ဒုတိယတန်းစား သိမ်းဆည်းရာ နေရာ'ဆိုပြီး ပြောလို့ ရမလား။

    နီကိုလိုင် - အကယ်လို့ မိမိရဲ့ အရေးကြီးတဲ့ မှတ်တမ်းမှတ်ရာ တစ်ခု (သို့) နှစ်ခု ပျောက်သွားတယ် ဆိုရင်၊ ဆယ်တင်နိုင်ဖို့ အထောက်အကူ ဖြစ်စေလိမ့်မယ်၊ ဒါပေမဲ့ အဲဒါဟာ ကိုးရိုးကားယား နိုင်တယ်။ ရှင်းရှင်း ပြောရမယ်ဆိုရင်၊ ဒီပုံစံနဲ့ အပတ်တိုင်း မှတ်တမ်းမှတ်ရာ ဘယ်နှစ်ခုကို အရန်သင့် သိမ်းဆည်းနိုင်မှာလဲ။ ဒါ့အပြင်၊ မိမိရဲ့ အီးမေးလ်ကို တစ်ဦးတစ်ယောက်က စောင့်ကြည့်နေတယ်လို့ စိုးရိမ်နေတယ် ဆိုရင် - အဲဒီ ပူးတွဲဖိုင်တွေဟာ အန္တရာယ်ကင်း မကင်း စဉ်းစားချင့်ချိန်ဖို့ လိုအပ်လာမှာ ဖြစ်တယ်။ ဂျီးမေးလ်နဲ့ လုံလုံခြုံခြုံ အဆက်အသွယ် လုပ်မထားရင်၊ မိမိရဲ့ အထိခိုက်မခံတဲ့ အချက်အလက်တွေဟာ ငွေပြားပေါ်မှာ ဖွင့်ဟဖေါ်ပြလိုက်တာနဲ့ တူနေလိမ့်မယ်။ အရွယ် သေးငယ်တဲ့ Truecrypt volumes (သို့) KeePass ဒေတာဘေ့စ် ဖိုင်တွေကို အရန်သင့် သိမ်းည်းဖို့ ဂျီးမေးလ်ထဲကို HTTPS ဖြင့် ၀င်လိုက်ပါ၊ အကြောင်းကတော့ သူတို့ကို စာဝှက်ထားလို့ ဖြစ်တယ်၊ ဒါပေမဲ့ ဒီအရာကို သာမန် အရန်သင့် သိမ်းဆည်းတဲ့ ပုံစံအတိုင်း သုံးစွဲဖို့ မိမိ အနေနဲ့ လုံးဝ အားမပေးလိုဘူး။

    ဒစ်ဂျစ်တယ် အရန်သင့် သိမ်းဆည်းမှု တစ်ခု ဖန်တီးခြင်း

    ဒီအခန်းမှာ ဆွေးနွေးထားတဲ့ ဒေတာ အမျိုးအစားတွေနဲ့ ပတ်သက်ပြီး၊ backup မူဝါဒတခုကို ချမှတ်တဲ့အခါ လူတွေကို စိတ်ပူစေနိုင်တဲ့ အချက်ကတော့ 'အီလက်ထရိုနစ် မှတ်တမ်းမှတ်ရာတွေ'ပဲ ဖြစ်တယ်။ ဒီသတ်မှတ်ချက်က ပြက်သားမှု သိပ်မရှိဘူး၊ ဒါပေမဲ့ ယေဘုယျ အားဖြင့် သင့်ကို ခြေရာခံနေတဲ့ ဖိုင်၊ သင် ကိုယ်တိုင် ဖွင့်နေတဲ့ ဖိုင်တွေကို နှစ်ချက် နှိပ်လိုက်ပြီး ဖြစ်ဖြစ် (သို့) application တခုခုရဲ့ File menu ကို အသုံးပြုခြင်း ဖြစ်ဖြစ် ရည်ညွှန်းပေးနေတယ်။ အတိအကျ ပြောရရင်၊ အဲဒီ အထဲမှာ စာသားဖိုင်တွေ၊ word မှတ်တမ်းမှတ်ရာတွေ၊ တင်ဆက်ပြသချက်တွေ၊ PDF တွေနဲ့ spreadsheet တွေ ပါရှိတယ်။ အီလက်ထရိုနစ် မှတ်တမ်းမှတ်ရာတွေဟာ အီးမေးလ် စာတွေနဲ့ မတူပဲ၊ ဥပမာ အားဖြင့်၊ အင်တာနက်ပေါ်ကတဆင့် အဝေးက ကော်ပီတွေ (remote copies) ကို တပြိုင်ထဲ အလုပ်လုပ်ကြတာ မဟုတ်ဘူး။

    အီလက်ထရိုနစ် မှတ်တမ်းမှတ်ရာတွေကို back up လုပ်တဲ့အခါ၊ ပရိုဂရမ် ဒေတာဘေ့စ်တွေကိုလည်း back up လုပ်ထားဖို့ သတိရပါ။ အကယ်လို့ ပြက္ခဒိန် ကိရိယာတခုခု (သို့) အီလက်ထရိုနစ် လိပ်စာစာအုပ်ကို အသုံးပြုနေတယ် ဆိုရင်၊ ဥပမာအနေနဲ့၊ အဲဒီ ပရိုဂရမ်တွေက သူတို့ရဲ့ ဒေတာတွေ သိမ်းထားတဲ့ ဖိုင်တွဲ ရှိတဲ့နေရာကို သင် သိရှိဖို့ လိုအပ်လာလိမ့်မယ်။ ခန့်မှန်းချေ အနေနဲ့၊ အဲဒီ ဒေတာဘေ့စ်တွေကို Windows ကွန်ပျူတာရဲ့ My Documents ဖိုင်တွဲထဲမှာ တခါတလေ သိမ်ထားတတ်ကြပြီး သင့်ရဲ့ အီလက်ထရိုနစ် မှတ်တမ်းမှတ်ရာတွေနဲ့အတူ တနေရာထဲမှာ ရှိနေမှာ ဖြစ်တယ်။ ဒါဟာ ကိစ္စမရှိဘူး ဆိုရင်၊ သင့်တော်တဲ့ ဖိုင်တွဲတွေကို သင့်ရဲ့ ပုံမှန် backup ထဲမှာ ထည့်ထားပါ။

    Thunderbird လို application တခုနဲ့ အီးမေးလ် သိမ်းထားတာဟာ ပရိုဂရမ် ဒေတာဘေ့စ် တခုအတွက် အထူးကောင်းမွန်တဲ့ ဥပမာ တခုပဲ ဖြစ်တယ်။ အကယ်လို့ အီးမေးလ် ပရိုဂရမ်တခုခုကို အသုံးပြုရင်၊ အထူးသဖြင့် သင့်ရဲ့ စာတွေကို ဆာဗာပေါ်မှာ သိမ်းထားလို့ မရပါဘူး (သို့) မသိမ်းထားချင်ဘူး ဆိုရင်၊ အဲဒီ အီးမေးလ် ဒေတာဘေ့စ်ကို သင့်ရဲ့ ပုံမှန် backup ထဲမှာ ထားရှိပါ။ ရုပ်ပုံနဲ့ ဗွီဒီယို ဖိုင်တွေကို ပရိုဂရမ် ဒေတာဘေ့စ် တခုထဲက အီလက်ထရိုနစ် မှတ်တမ်းမှတ်ရာတွေ (သို့) အချက်အလက်တွေ အဖြစ် မှတ်ယူနိုင်တယ်။ ဥပမာ Windows Media ပလေယာနဲ့ iTunes တို့လို application တွေဟာ ဒေတာဘေ့စ်တွေလိုပဲ အလုပ်လုပ်ကြပါတယ်။ အကယ်လို့ ဒီလို ပရိုဂရမ်တွေကို အသုံးပြုနေတယ် ဆိုရင်၊ hard drive မှာ မီဒီယာဖိုင်တွေ သိမ်းထားတဲ့ နေရာကို ရှာဖွေပေးပါလိမ့်မယ်။

    သိုလှောင်ရေး ကိရိယာများ

    အီလက်ထရိုနစ် မှတ်တမ်းမှတ်ရာတွေကို back up မလုပ်ခင်၊ အသုံးပြုမဲ့ သိုလှောင်ရေး ကိရိယာကို ဆုံးဖြတ်ရမှာ ဖြစ်တယ်။

    Compact Discs (CDs) တွေဟာ Megabytes (MB) ၇ဝဝ လောက် ရှိတဲ့ ဒေတာတွေကို သိမ်းထားနိုင်တယ်။ CD backup တခုကို လုပ်ဖို့ CD burner တခုနဲ့ CD အလွတ်တွေကို လိုအပ်လာမှာ ဖြစ်တယ်။ အကယ်လို့ CD တချပ်ထဲက စာတွေကို ဖျက်ပြီး အဲဒီအထဲက ဖိုင်တွေကို update လုပ်ချင်တယ် ဆိုရင်၊ CD-RW burner နဲ့ rewritable CDs တွေ လိုအပ်လာမှာ ဖြစ်တယ်။ Windows XP အပါအဝင် အဓိက လူသုံးများတဲ့ operating systems အားလုံးမှာ CD နဲ့ CD-RW တွေကို ရေးကူးနိုင်တဲ့ အသင့် install လုပ်ထားတဲ့ ဆော့ဗ်ဝဲတွေ ပါလာကြတယ်။ အဲဒီ discs တွေမှာ ရေးထားတဲ့ အချက်အလက်တွေဟာ နောင် ငါးနှစ် (သို့) ဆယ်နှစ်ကြာတဲ့အခါ ပျက်စီးသွားနိုင်တယ် ဆိုတာ သတိရပါ။ အကယ်လို့ backup တခုကို အဲဒါထက် ကြာအောင် ထားချင်ရင်၊ 'တာရှည်ခံတဲ့' အထူး discs တွေကို ဝယ်ပါ (သို့) တခြား backup လုပ်တဲ့ နည်းတမျိုးကို အသုံးပြုပါ။

    ဒစ်ဂျစ်တယ် ဗွီဒီယို Discs များ (DVDs) – DVD တွေဟာ ဒေတာကို ၄.၇ Gigabytes (GB) အထိ သိမ်းထားနိုင်တယ်။ CD တွေနဲ့ တူပေမဲ့ ဈေးပိုပေးရတယ်။ သင့်အနေနဲ့ DVD (သို့) DVD-RW burner တခုခု လိုအပ်လာမှာ ဖြစ်တယ်။ CD တချပ်လိုပဲ၊ ပုံမှန် DVD တချပ်ထဲမှာ ရေးထားတဲ့ ဒေတာတွေဟာ နောက်ဆုံးမှာတော့ တဖြေးဖြေးနဲ့ ပျောက်ကွယ်သွားမှာ ဖြစ်တယ်။

    USB မှတ်ဉာဏ်ချောင်းများ - USB မှတ်ဉာဏ်ချောင်း တခုဟာ သူ့အထဲမှာ ဆန့်တဲ့အထိ အချက်အလက်တွေကို သိမ်းထားနိုင်တယ်။ USB မှတ်ဉာဏ်ချောင်းတွေဟာ CD (သို့) DVD နဲ့ သိမ်းထားနိုင်တဲ့ ပမာဏချင်း တူနေရင် (သို့) အဲဒီထက် ပိုကြီးရင် ဈေးပိုပေးရမှာ ဖြစ်ပြီး၊ အလွယ်တကူ ဖျက်ပစ်နိုင်တယ် (သို့) အကြိမ်များများ ပြန်ရေးနိုင်တယ်။ CD တွေနဲ့ DVD တွေလိုပဲ၊ USB မှတ်ဉာဏ်ချောင်းတွေမှာ သက်တမ်း အကန့်အသတ်နဲ့ ရှိကြတယ်၊ ခန့်မှန်းချေအရ ၁ဝ နှစ် ပတ်ဝန်းကျင်ပေါ့။

    အဝေးက (Remote) ဆာဗာ - အထူး ထုတ်လုပ်ထားတဲ့ ကွန်ရက် backup ဆာဗာ တခုမှာ အကန့်အသတ် မရှိ ဖိုင်တွေကို သိမ်းထားနိုင်တဲ့ ပမာဏ ရှိတယ်၊ ဒါပေမဲ့ အင်တာနက် connection ရဲ့ အမြန်နှုန်းနဲ့ တည်ငြိမ်မှု အပေါ် မူတည်ပြီး ဒီအရာဟာ လက်တွေ့ကျတယ် မကျဘူး စတာကို အဆုံးအဖြတ် ပေးမှာ ဖြစ်တယ်။ ရုံးထဲမှာ backup ဆာဗာ တခု ထားရှိတာဟာ၊ အင်တာနက်ပေါ်မှာ အချက်အလက်တွေကို ရယူတာထက် ပိုမြန်နေပေမဲ့၊ သင့်ရဲ့ အရေးကြီးတဲ့ ဒေတာတွေ ပြင်ပ နေရာ နှစ်နေရာမှာ ထားရှိရမဲ့ လိုအပ်ချက်ကို ချိုးဖောက်နေတာ ဖြစ်တယ်။ အင်တာနက်ပေါ်မှာလည်း အခမဲ့ သိမ်းဆည်းနိုင်တဲ့ ဝန်ဆောင်မှုတွေ ရှိတယ်၊ ဒါပေမဲ့ သင့်ရဲ့ အဖွဲ့အစည်းတွေ (သို့) သင် မသိကျွမ်း၊ စိတ်မချရတဲ့ အခြား တဦးတယောက်က တာဝန်ယူနေတဲ့ ဆာဗာတွေမှာ သင့်ရဲ့ backup တွေကို သိမ်းထားမယ် ဆိုရင် အရင် အမြဲတမ်း စာဝှက်ထားဖို့ လိုတယ်။ ဥပမာ တချို့ကို ဆက်လက် ဖတ်ရှုရန် အပိုင်းမှာ ဖတ်ရှုလေ့လာပါ။

    Backup ဆော့ဗ်ဝဲ

    Cobian Backup ဟာ အသုံးပြုရာမှာ လွယ်ကူတဲ့ ကိရိယာတခု ဖြစ်တယ်၊ သတ်မှတ်ထားတဲ့ အချိန်မှာ အလိုအလျှောက် Backup လုပ်ဖို့ သတ်မှတ်ထားနိုင်ပြီး သင် နောက်ဆုံး လုပ်လိုက်တဲ့ backup နောက်ပိုင်း ပြင်ဆင်ထားတဲ့ ဖိုင်တွေကိုပဲ ရွေးပြီး ထည့်ပေးမှာ ဖြစ်တယ်။

    လက်ကမ်း စာစောင်များ - Cobian Backup လမ်းညွှန် နဲ့ စတင်ပါ

    ခါတိုင်းလိုပဲ၊ backup ဖိုင်တွေကို TrueCrypt လို ကိရိယာ တခုခု အသုံးပြုပြီး စာဝှက်ထားတာ ကောင်းတယ်။ ဒေတာ စာဝှက်စနစ်နဲ့ ပါတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို အခန်း ၄။ ကွန်ပျူတာ အတွင်းရှိ အထိခိုက်မခံတဲ့ ဖိုင်များကို ကာကွယ်နည်း ထဲမှာ ဖတ်ရှုလေ့လာနိုင်တယ်။

    လက်ကမ်း စာစောင်များ - TrueCrypt - လုံခြုံတဲ့ ဖိုင်သိုလှောင်ရေး လမ်းညွှန် နဲ့ စတင်ပါ

    <p> အဲဒီလို backup ကိရိယာတွေကို သုံးစွဲတဲ့အခါ၊ backup စနစ် ချောချောမောမော အလုပ်လုပ်နိုင်အောင် သင် လုပ်ဆောင်ပေးရမယ့် အချက် အနည်းငယ် ရှိပါတယ် -

    • ကွန်ပျူတာထဲက ဖိုင်တွေကို စုစည်းလိုက်ပါ။ back up လုပ်ဖို့ ရည်ရွယ်ထားတဲ့ အီလက်ထရိုနစ် မှတ်တမ်းမှတ်ရာတွေ ပါတဲ့ ဖိုင်တွဲတွေ အားလုံးကို My Documents folder လို နေရာ တခုခုမှာ ရွှေ့လိုက်ပါ။
    • အကယ်လို့ ဒေတာတွေကို application ဒေတာဘေ့စ် တခုထဲမှာ သိမ်းထားလေ့ရှိတဲ့ ဆော့ဗ်ဝဲကို အသုံးပြုနေတယ် ဆိုရင်၊ အဲဒီ ဒေတာဘေ့စ် ထားရှိမဲ့ နေရာကို အရင် ဆုံးဖြတ်ထားဖို့ လိုအပ်တယ်။ အကယ်လို့ အဆင်ပြေတဲ့ နေရာမှာ မရှိဘူးဆိုရင်၊ အဲဒီ ပရိုဂရမ်က သူ့ရဲ့ ဒေတာဘေ့စ်ကို ထားရှိမဲ့ တခြား နေရာသစ် တခုခု ရှာပေးနိုင်၊ မရှာပေးနိုင် ဆိုတာ စောင့်ကြည့်ပါ။ အကယ်လို့ ရှာပေးတယ် ဆိုရင်၊ အဲဒါကို အီလက်ထရိုနစ် မှတ်တမ်းမှတ်ရာတွေလိုပဲ ဖိုင်တွဲ တခုထဲမှာ သိမ်းထားနိုင်တယ်။
    • backup လုပ်မဲ့ ပုံမှန် အချိန်ကို သတ်မှတ်ထားပါ။
    • စိတ်ချရပြီး၊ လုံခြုံမှုရှိတဲ့ backup အစီအစဉ် တခုခု မရှိသေသးတဲ့ ရုံး ဝန်ထမ်းတွေ အားလုံးအတွက် အစီအစဉ် တခုခု လုပ်ပေးဖို့ ကြိုးစားပါ။ ဒီအစီအစဉ်ရဲ့ အရေးကြီးပုံကို သင့်ရဲ့ လုပ်ဖော်ဆောင်ဖက်တွေဆီ နားလည်အောင် ပြောပြလိုက်ပါ။
    • backup ထဲက ဒေတာကို ပြန်ဆယ်တင်တဲ့ အလုပ်ကို စမ်းသပ်ကြည့်လိုက်ပါ။ နောက်ဆုံးမှာ သင် အဓိက ထားလာမဲ့ အရာဟာ backup လုပ်ဖို့ မဟုတ်ပဲ၊ ပြန်ဆယ်တင် (restore ) တဲ့ အလုပ်ပဲ ဖြစ်တယ် ဆိုတာကို သတိရပါ။

    <div class="background" markdown="1"> အယ်လင်နာ - ကောင်းပါပြီ၊ ကျွန်တော် အလုပ်ခွင်ထဲမှာ ရှိနေတဲ့အခါ စာဝှက်ထားတဲ့ backup တခုကို လုပ်ပြီး CD တချပ်ထဲမှာ ထည့်ထားလိုက်တယ်။ ကျွန်တော့်ရဲ့ backup ကို update လုပ်ဖို့ Cobian ကို လွန်ခဲ့တဲ့ရက် အနည်းငယ်တုန်းက အချိန် သတ်မှတ်ထားခဲ့တယ်။ ကျွန်တော် အလုပ်လုပ်နေတဲ့ စားပွဲမှာ သော့ခတ်ထားတဲ့ အံဆွဲတခု ရှိပြီး၊ အဲဒီ backup CD တွေကို မပျောက် မပျက်အောင် အဲဒီ အထဲမှာ သိမ်းထားဖို့ စဉ်းစားနေတယ်။

    <i>နီကိုလိုင် - ဒါပေမဲ့ အကယ်လို့ ရုံး မီးလောင်သွားရင်ကော ဘယ်လို လုပ်မလဲ။ ကွန်ပျူတာ၊ စားပွဲ၊ backup CD တွေနဲ့ အခြားဟာတွေ ဘာဖြစ်သွားကြမလဲ။ (သို့) အကယ်လို့ သင့်ရဲ့ ကွန်ရက် ဖိုရမ်ကို ကြီးကျယ်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ဆန္ဒပြပွဲ တချို့အတွက် သုံးတဲ့အတွက်၊ အာဏာပိုင်တွေက ဖြိုခွင်းလာတယ်၊ ပစ္စည်းတွေကို ထိန်းလို့ မရပဲ အဖွဲ့အစည်းကို အစီးနင်း ခံလာရရင်ကော ဘယ်လို လုပ်မလဲ။ သော့ခတ်ထားတဲ့ စားပွဲလေးက အဲဒီအထဲက CD တွေကို ပုလိပ်တွေရဲ့ လက်ထဲ ပါမသွားအောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူး။ အိမ်မှာ သိမ်းထားတာတို့ (သို့) မိတ်ဆွေ တယောက်ယောက်ဆီ သိမ်းထားတာတို့ လုပ်လို့ ရတယ် မဟုတ်ဘူးလား။ </div>

    မတော်တဆ ဖျက်မိတဲ့ ဖိုင်ကို ဆယ်တင်ခြင်း

    Windows ထဲက ဖိုင်တစ်ခုခုကို ပယ်ဖျက်တဲ့အခါ၊ မြင်ကွင်းကနေ ပျောက်သွားမှာ ဖြစ်ပေမဲ့ သူ့ရဲ့ အကြောင်းအရာဟာ ကွန်ပျူတာထဲမှာ ကျန်ရှိနေဦးမှာ ဖြစ်တယ်။ Recycle Bin ကို သွန်ပစ်/ဖျက်ပစ်ရင်လည်း၊ ပယ်ဖျက်ခဲ့တဲ့ အချက်အလက်တွေကို hard drive ထဲမှာ မြင်တွေ့ရအုံးမှာ ဖြစ်တယ်။ ဒီအကြောင်းကို အသေးစိတ် လေ့လာလိုရင် အခန်း ၆။ အထိခိုက်မခံတဲ့ သတင်း အချက်အလက်များကို ဖျက်ဆီးနည်းကို ဖတ်ရှုပါ။ အကယ်လို့ အရေးကြီးတဲ့ ဖိုင် (သို့) ဖိုင်တွဲ တစ်ခုခုကို မတော်တဆ ဖျက်မိရင်၊ အဲဒီလုံခြုံရေး အားနည်းချက်ဟာ မိမိအပေါ် အခွင့်ကောင်း ယူလာနိုင်တယ်။ လတ်တလော ပယ်ဖျက်လိုက်တဲ့ ဖိုင်တွေကို ပြန်လည်ဆယ်တင်ပေးနိုင်တဲ့ Recuva လို့ ခေါ်တဲ့ FOSS ဆော့ဗ်ဝဲတစ်ခု အပါအဝင်၊ တခြား ပရိုဂရမ် အတော်များများ ရှိတယ်။

    လက်ကမ်း စာစောင်များ - Recuva - ဖိုင် ဆယ်တင်ရေး လမ်းညွှန် ကို စတင် သုံးစွဲခြင်း

    အဲဒီ ကိရိယာတွေဟာ အမြဲတမ်း အလုပ် မဖြစ်ဘူး၊ ဘာကြောင့်လဲ ဆိုတော့ Windows ဟာ မိမိ ပယ်ဖျက်လိုက်တဲ့ အချက်အလက်တွေအပ်ါမှာ ဒေတာအသစ်တွေကို ထပ်ထပ်ရေးနေနိုင်တဲ့ အတွက် ဖြစ်တယ်။ ဒါကြောင့် ဖိုင်တစ်ပုဒ်ကို ပယ်ဖျက်ပြီးတဲ့နောက် Recuva လို ကိရိယာ တစ်ခုကို အသုံးပြုပြီး ပြန်ဆယ်ဖို့ ကြိုးစားတဲ့အခါ မိမိ ကွန်ပျူတာကနေ လုပ်ဆောင်နိုင်တဲ့ အချက် များများစားစား မရှိတာကိုတော့ သိထားဖို့ အရေးကြီးတယ်။ ဖိုင်တစ်ပုဒ်ကို ပြန်ပြီးမဆယ်တင်မီ၊ ကွန်ပျူတာကို အချိန်ကြာကြာ အသုံးပြုထားလေ၊ ပြန်လည်ဆယ်တင်နိုင်တဲ့ အခွင့်အလမ်း ပိုနည်းလေ ဖြစ်တယ်။ ဆိုလိုတာက အရေးကြီးတဲ့ ဖိုင်တစ်ပုဒ်ကို ပယ်ဖျက်ပြီးမှ Recuva ကို ထည့်သွင်းလိုက်တာထက်၊ အိတ်ဆောင် ဗားရှင်းကို အသုံးပြုတာ ပိုကောင်းတယ်။ ဆော့ဗ်ဝဲ တစ်ခုကို ထည့်သွင်းလိုက်တာနဲ့ ကွန်ပျူတာရဲ့ ဖိုင်စနစ်ထဲမှာ အချက်အလက် အသစ် ရေးချသွားမှာ ဖြစ်တယ်။ ဒီလိုကြောင့်၊ ပြန်ဆယ်တင်ဖို့ မိမိကြိုးစားနေတဲ့ အရေးကြီးတဲ့ ဒေတာတွေကို ဖျက်မိပြီးသား ဖြစ်သွားနိုင်တယ်။

    မူဝါဒတွေကို လက်တွေ့ အသုံးချဖို့နဲ့ ဒီအခန်းမှာ ဖော်ပြထားတဲ့ ကိရိယာတွေကို လေ့လာဖို့ အလုပ် အတော်လေး များမဲ့ပုံ ပေါ်နေပေမဲ့၊ မိမိရဲ့ အရန်သင့် သိမ်းဆည်းမှု နည်းဗျူဟာကို ထိန်းသိမ်းထားပြီး၊ မိမိရဲ့ ကွန်ပျူတာကို နေရာတကျ ပြန်ထားလိုက်မယ် ဆိုရင်၊ ၄င်းကို ပထမဆုံးအကြိမ် တပ်ဆင်တာထက် အများကြီး လွယ်ကူသွားမှာ ဖြစ်တယ်။ အဲဒီ အရန်သင့် သိမ်းဆည်းချက်ဟာ ဒေတာ လုံခြုံရေးအတွက် အရေးအကြီးဆုံး အရာတစ်ခု ဖြစ်နိုင်တဲ့အတွက်၊ အဲဒီ လုပ်ငန်းစဉ်အတိုင်း စိတ်ချလက်ချ လုပ်ဆောင်သွားမယ် ဆိုရင် ကြိုးစားရကျိုး နပ်သွားမှာ ဖြစ်တယ်။

    ဆက်လက် ဖတ်ရှုရန်